ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့တိုင်းက ကြတ္တိကာ နက္ခတ်ကိုမစီးနိုင်ပါ - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
Breaking
Post Top Ad
Friday, 3 November 2017
< Zawgyi >
(၁) မြန်မာပြက္ခဒိန်အလိုအရ သောကြာနေ့၊ နိုဝင် ဘာ (၃ )ရက်နေ့မှာ လပြည့်ညဆိုရင် လလည်း တင်းတင်းမပြည့်သေးတဲ့အပြင် စန်းတနလာင်္က  ၃ရက်နေ့  မွန်းတည့်အထိ မိဿရာသီအ၀င်( 3ံး 14 ' ) မှာမို့ အဿဝဏီ( Ashwini )နက္ခတ်ကိုသာ စီးထားမှာဖြစ်သည့်အတွက် အဆိုအရဆေးပေါင်း
< Unicode >
ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့တိုင်းက ကြတ္တိကာ နက္ခတ်ကိုမစီးနိုင်ပါ
လပြည့်နေ့နဲ့ပါတ်သက်လို့မြန်မာက နိုင်ငံတကာနဲ့ကွဲလွဲမှု့အနည်းငယ်ရှိနေပါတယ်။ မြန်မာတို့ရဲ့လ ပြည့်နေ့သည် နိုင်ငံတကာနဲ့ဆိုရင် တစ်ရက်စော၍
နေတတ်ပါတယ်။ ဥပမာ-တန်ဆောင်မုန်းလပြည့်
နေ့သည် မြန်မာပြက္ခဒိန်အလိုအရ နိုဝင်ဘာလ(၃) ရက်နေ့ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအလို အရမှာတော့ နိဝင်ဘာလ (၄) ရက် နေ့ ( 05း23 AM ) UTC  မြန်မာစံတော်ခ ျိန်အားဖြင့် ( 11း53 AM ) အခ ျိန်မှာ လတင်းတင်းပြည့်ခ ျိန်ဖြစ်ပါ တယ်။
လတင်းတင်းပြည့်ခ ျိန်ကို နေ နဲ့လ သမသတ် (၁၈၀  ံ ) ဒီဂရီ တိတိပပကျချိန်ကို လပြည့်ချိန်ဟု သတ်မှတ်ပါတယ်။ ဒီအချိန်မျိုးက တခါတရံ နေ့ခင်းပိုင်းမှာ ကျရောက်နေတတ်သလို တခါတလေ ညဘက်နဲ့တိုက်ဆိုင်လို့နေတတ်ပါတယ်။
အနောက်တိုင်းသားတို့က လတင်းတင်းပြည့်ပြီး
ချိန်ရဲ့နောက်ပိုင်းညကိုသာ လပြည့် ညလို့သတ် မှတ် တတ်ကြပါသည်။ မြန်မာတို့ကတော့ ဒီလိုမ
ဟုတ်ပါဘူး။ ဒါကြောင့် လပြည့်နေ့က တစ်ရက် စော၍ နေတတ်ပါတယ်။
တစ်ခါက မြန်မာပြည်၏ သာသနာရေးဝန်ကြီး သည် ကဆုန်လပြည်နေ့ထိုင်းကိုသွားတော့ ဟိုမှာ လမပြည့်သေးလို့ ညအိပ်၍တစ်ရက် စောင့်ခဲ့ရပါ တယ်။ လပြည့်နေ့တိုင်း မြန်မာက တစ်ရက်စောနေ တတ်ပါတယ်။
ဒါကဘာကြောင့်လဲဆိုတော့ မြန်မာဂြိုဟ်သွား ပြ
က္ခဒိန်တွေရဲ့ကွာဟမှု့ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။ သို့မဟုတ် မြန်မာတို့က လပြည့်ချိန်ကို ( ၁၈၀ ံ)
သမသတ် တိတိပပကျချိန်အပေါ် စံမထားခဲ့ကြလို့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုလပြည့်နေ့ကွာဟမှု့ကြောင့် တိုင်းပြည်အတွက် ဘာပြသနာမှမရှိ နိုင်ပါ ဘူး။ သုတအနေနဲ့သိထာဖို့ပါပဲ။ ဒါပေမယ့် ဘယ် မှာပြသနာရှိသွားမလဲဆိုရင် နက္ခတ်စီးတွေပြောင်း သွားမယ်။ ဥပမာ တန်ဆောင်းမုန်းလပြည့် ဆေး ပေါင်းခတဲ့ညမှာ ကြတ္တိကာနက္ခတ်ကို ဒီလပြည့်နေ့မှာမစီးနိုင်ပါဘူး။
(၁) မြန်မာပြက္ခဒိန်အလိုအရ သောကြာနေ့၊ နိုဝင် ဘာ (၃ )ရက်နေ့မှာ လပြည့်ညဆိုရင် လလည်း တင်းတင်းမပြည့်သေးတဲ့အပြင် စန်းတနလာၤက  ၃ရက်နေ့ မွန်းတည့်အထိ မိဿရာသီအဝင်( 3  ံး 14 ' ) မှာမို့အဿဝဏီ( Ashwini )နက္ခတ်ကိုသာ စီးထားမှာဖြစ်သည့်အတွက် အဆိုအရဆေးပေါင်း
ခတဲ့ညရဲ့ ကြတ္တိကာနက္ခတ်ကို မစီးနိုင်ပါဘူး။
(၂) တခါ နိုဝင်ဘာလ၄ ရက်နေ့မှာဆိုရင်လည်း နိုင်ငံတကာကသတ်မှတ်ရက် လပြည့်နေနဲ့တူနေပြီး မြန်မာမှာ လ,သမသတ် တင်းတင်းပြည့်မဲ့အချိန် ( 11း53 AM )နဲ့တွက်ပါက လပြည့်ချိန်မှာစန်းက မိသရာသီ ၁၇ ဒိဂရီ ၅၂ မီနစ် ဖြစ်နေသည်။ ဤဧရိ ယာက Barani( ဘရဏီ နက္ခတ်)ပိုင်ဧရီယာပေမို့ ကြတ္တိကာနက္ခတ်ကိုစီးသည့် ဆေးပေါင်းခတဲ့ည လည်း မဖြစ်နိုင်တော့ပါဘူး။
ဒါကြောင့် ဆေးပေါင်းခတဲ့ညဆိုတာ နှစ်တိုင်းမှာ မရှိနိုင်သလို ရှားရှားပါးပါးဖြစ်စဉ်တစ်ခုလည်း ဖြစ်သင့်ပါတယ်။ မိဿရာသီ ၂၆ ဒီဂရီ နဲ့မိနစ် ၄၀ မှ ပြိဿရာသီ ၁၀ ဒီဂရီအတွင်း လ,စန်းတနလာၤ ဖြတ်သန်းနေစဉ်မှာ လပြည့်နေ့နှင့်ကြုံတဲ့ ညက သာ ဆေးပေါင်းခတဲ့ညဖြစ်ပါတယ်။ 
နှစ်တိုင်းမဟုတ်ဘဲ ရှားရှားပါးပါးဖြစ်စဉ်မျိုးသာ ဆေးပေါင်းခတဲ့ညမျိုးဖြစ်ပြီး ဆေးလည်းအစွမ်း ထက်နိုင်မှာဖြစ်သလို ၂ နှစ်တစ်ကြိမ် ၃ နှစ်မှာမှ တစ်ကြိမ် ကြုံတတ်တယ်ဆိုရင် ဆေးပေါင်းခတဲ့
ညကပိုတန်းဘိုးရှိသွားနိုင်ပါတယ်။( November 23rd 2018 @ 12 း 11 PM) မှာသာကြတ္တိကာ
နက္ခတ်ကိုစီးသည့် ဆေးပေါင်းခတဲ့လပြည့်ညကို
ရရှိစေနိုင်မှာဖြစ်ပါတယ်။
ဘယ်သူ့ကိုမှ မှားတယ်မှန်တယ်မပြောလိုပါ။ ဒါပေမယ့် ပညာရပ်တစ်ခုရဲ့အဆိုအမိန့် အမှား တစ်ခုကိုတော့ ပညာရှင်တို့ကမှ မပြင်ကြရင် ဘယ် သူတွေ လာပြင်ကြမှာလဲ?
Credit: Bella Liberty ( Political Scientist, USA )
No comments:
Post a Comment