၁၉၈၇ ငွေစက္ကူများ ဖျက်သိမ်းသည့် အမိန့်ကြေညာချက် မှ ဖျက်ဆီးလိုက်သော မြန်မာ့ဇာတာ - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

Breaking

Post Top Ad

Wednesday, 20 September 2017

၁၉၈၇ ငွေစက္ကူများ ဖျက်သိမ်းသည့် အမိန့်ကြေညာချက် မှ ဖျက်ဆီးလိုက်သော မြန်မာ့ဇာတာ


လွန်ခဲ့တဲ့- အနှစ် ၃၀ တိတိ ခန့်- ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့နံနက် ၁၁း၀၀ နာရီ မှာ မဆလ နိုင်ငံတော်ကောင်စီအတွင်းရေးမှူး စိန်လွင်  ကနေ လက်မှတ်ရေးထိုးပြီး ငွေစက္ကူများ ဖျက်သိမ်းသည့် အမိန့်ကြေညာချက်ကို အကြောင်းပြချက် ဘာမှမရှိဘဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ငွေစက္ကူ (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၇၅) ကျပ်တန်တွေကိုတရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့လို့ မြန်မာပြည်သူပြည်သားအများ လက်ဝယ်မှာ ကိုင်တွယ် အသုံးပြုနေတဲ့ငွေတွေဟာ တရားမဝင် ငွေစက္ကူဘဝအဖြစ်ကို ရောက်သွားခဲ့ရလို့ ပြည်သူပြည်သားတွေ ရုတ်ချည်းဆိုသလို နေ့စဉ် စားဝတ်နေရေးအတွက် ဘာမှ ဝယ်စားလို့ ဝယ်ထားလို မရတော့တဲ့အထိ ဒုက္ခအတော်ရောက်ခဲ့ပါတယ်။ မဆလအာဏာရှင်ရဲ့ မတရားကြေညာတဲ့ အမိန့်ကြောင့် လက်ဝယ်ရှိတဲ့ ငွေစက္ကူတွေ လုံး၀ သုံးမရဖြစ်ပြီး ပြည်သူလူထုတွေ ဘဝပျက်ကြရတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။ တချို့ နှလုံး ရောဂါ နဲ့ သေသွားကြတယ်။ တချို့ ကိုယ့်ကိုယ်ကို သတ်သေသွားကြရတယ်။ တချို့က ရှိစုမယ့်စု အိမ်လေး ဆေးကုဘို့ ရောင်းလိုက်လို့- ရလာတဲ့ ငွေဟာ တရားမဝင် ဖြစ်သွားလို့- ဆေးလည်း မကုရ၊ အိမ်လည်းဆုံး စတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ရပါတယ်။


အဲဒီတုန်းက တတိယ နှစ်ကျောင်းသား ဖြစ်တဲ့ ကျွန်တော်တို့ဟာလည်း- အိမ်က ရှိစု မယ့်စု ကိုယ့်ဆီ ပို့ပေးထားတဲ့ ငွေလေးတွေ တန်ဘိုးမယ့် ဖြစ်သွားသလို- ဘေးအခန်းက သူငယ်ချင်း အတွက် သူ့အိမ်က လာပေးလို့- ကျွန်တော် လက်ခံထားပေးတဲ့ ငွေတွေ ဟာလည်း တန်ဘိုးမဲ့ ဖြစ်သွားရပါတယ်။

အဲ့ဒီ စက်တင်ဘာလ (၅) ရက်နေ့က စနေနေ့ဖြစ်ပါတယ်။ ငွေစက္ကူတွေ တရားမဝင်တော့ဖူးလို့ ကြေညာလိုက်တဲ့အချိန်က နေ့လည် (၁၁) နာရီမှာပါ။

အဲဒီတုန်းက- ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (သမိုင်းဝင်း) အဆောင်မှာနေကြရပြီး- နံနက်စာ စားမလို့- ကင်တင်းကို ထွက်လာယင်း- ဒီသတင်းကို မြန်မာ့အသံရေဒီယိုကနေ ကြေညာချက် ကြား လိုက်ရတာပါ။ စနေနေ့ဖြစ်လို့ အပြင်သွားကြ လည်ကြပတ်ကြ ဈေးဝယ်ထွက်ကြဖို့ဆိုပြီး လမ်းမပေါ်ရောက်နေသူတွေရော၊ မနက် အိမ်ပြင်ထွက်နောက်ကျလို့ ကမန်းကတန်းဟန်ပြင်ပြီး ထွက်ကြဖို့ ပြင်ဆင်နေကြသူတွေရော ဟာကနဲ ဟင်ကနဲ ဖြစ်ကြပြီး၊ နာရီပိုင်းအတွင်းမှာဘဲ အားလုံးငြိမ်သက်သွားကြပါတယ်။


(၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၇၅) ကျပ်တန်ငွေစက္ကူတွေ ကို ဖျက်သိမ်းခဲ့ပြီး နောက်- ငွေစက္ကူအသစ်တွေဖြစ်တဲ့ (၄၅) ကျပ်တန်နဲ့ (၉၀) ကျပ်တန်တွေ ထုတ်လာတာ တွေ့ရှိရတယ်။ ကိုးနဝင်း ကိုက်အောင် ပေါ့ ခင်ဗျာ။ တြင်းကျေ၊ နဝင်းကြေ.. ကျေသလားတော့ မသိ- တိုင်းပြည်တော့ ဖွတ်ဖွတ် ညက်ညက် ကျေသွားခဲ့ရတာပါပဲ။

တကယ်တမ်း မြန်မာပြည် ငွေ အချို့ ကို ပယ်ဖျက်ပြီး- ပေါင်းခြင်း ၉ ရတဲ့ ငွေတွေ ထုတ်တာဟာ- ဗေဒင် ဆရာကြောင့် ဆိုယင်-တိုင်းပြည်ဖျက်ခဲ့တဲ့ အဲဒီ ဗေဒင် ဆရာတွေ ဘယ်ဘ၀ ရောက်မလဲ တွေးကြည့်ကြပါတော့ဗျာ။


ဒီလို နာကျင်ခဲ့စဉ်တုန်းက- တကယ်တမ်း တိုက်ပွဲဝင် ပေးဆပ်သွားသူတွေ အများကြီး ရှိသလို- ကိုယ့်သူငယ်ချင်း ကျောင်းသားတွေ အပစ်ခံရချိန်- အခန်းထဲက မထွက်ရဲ ခဲ့သော်လည်း-၂၀၁၀ ဦးသိန်းစိန် ခေတ် နောက်ပိုင်းကျမှ- မေမေ့ကို ချစ်ပြ၊ သွေးရဲပြ၊ စစ်အစိုးရ ကို ဆဲပြပြီး ဆယ်လီ ဖြစ်နေသူ- သူငယ်ချင်း အရင်းခေါက်ခေါက် တောင် ရှိပါသေးတယ်။

နက္ခတ်ဗေဒင် ကို ဆရာကြီးတဆူ အနေနဲ့ ကျွမ်းကျင်တဲ့ အဲဒီအချိန်က ဦးစိန်လွင် နဲ့ တကွ-
အစိုးရ အကြံပေး ဆရာကြီးများ တို့ဟာ- သူတို့နည်း သူတို့ဟန်နဲ့ တော့ အခါရွေးပြီး လုပ်ဆောင်ခဲ့ကြတာပါပဲ။


ဖြစ်ချင်တော့- မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး ဇာတာ (ကန်လဂ်) ဇာတာကို- တစစီ ချေမှုန်းလိုက်ခြင်း နဲ့- နှစ်ပေါင်းများစွာ အခြေခိုင် နေခဲ့ကြတဲ့- မဆလ တပါတီ စနစ်ကြီးကို ချိုးဖဲ့ ဖျက်ဆီး လိုက်တာ ဖြစ်ကြောင်း- ဂရပ် ဇယားများက ပြနေပါတော့တယ်။

နောက်တခု ပြောချင် တာက..ပြည်သူ လူထု ဟာ မဆလ စနစ်ကို အသားကျ နေပေမယ့်.. အစိုးရ ကတော့ ဒါမျိုး မလုပ်လောက် ဘူးလို့ တော့ ယုံကြည် ထားခဲ့ တယ်။


အဲဒီ ယုံကြည်မှု ပြိုလဲ သွားတဲ့ နောက်မှာတော့ အနှစ် ၄၀ ကျော် တည်တန့် ခဲ့တဲ့ မဆလအစိုးရ လည်း ပြိုကျ ခဲ့ရပါတယ်။ယုံကြည်မှု ဟာ..အသက်သွေးကြော ပါ။

နျူမာန် မိုးတား


No comments:

Post a Comment