<Zawgyi Version>
ငွက္ေပ်ာသီး
ငွက္ေပ်ာသီးကို မက္မက္စက္စက္ မႀကိဳက္ေပ မယ့္လည္း ညစာ ထမင္းစားၿပီးတိုင္း ရက္ဆက္မ ဟုတ္ေတာင္ တစ္ရက္ျခား၊ ႏွစ္ရက္ျခားဆိုသလို စားေလ့စားထရွိတယ္။
ဘာရယ္ေတာ့မဟုတ္ ထမင္းစားၿပီးတိုင္း ခံတြင္း ခ်ဥ္တတ္တဲ့ အက်င့္ရွိေတာ့ ခံတြင္းရွင္းေစဖို႔ သ ေဘာမ်ိဳးနဲ႔ စားရျခင္းပါ။ အခ်ိဳတည္းတာလို႔ ဆို ခ်င္ဆို။
သည္ေန႔ေတာ့ အိမ္ရွင္မ,မအားလို႔ ထမင္းဟင္း မခ်က္ျဖစ္ဘူး။ ဆိုေတာ့...ထံုးစံအတိုင္း ဆိုင္ထ မင္း၊ ဆိုင္ဟင္းေပါ့။ အျပင္မွာ ရာသီဥတုကပူတာ နဲ႔ မနက္စာကို ပါဆယ္ဝယ္ၿပီး အိမ္မွာပဲ ေအးေအး ေဆးေဆး စားျဖစ္တယ္။ ကိုယ္ေတြအလုပ္က လည္း မိုးလင္းသြား၊ မိုးခ်ဳပ္ျပန္တဲ့ အလုပ္။ ညစာ စားခ်ိန္ေရာက္ေတာ့ ထမင္းဆိုင္မွာ လူသူရွင္းေန တာနဲ႔ ဆိုင္မွာပဲ ထိုင္စားျဖစ္တယ္။ ေရေႏြးၾကမ္း
ေလးနဲ႔ဆိုေတာ့ အဆင္ေျပသား။
ထမင္းဆိုင္က လမ္းထိပ္မွာ အိမ္နဲ႔နီးတယ္။ ဆိုင္
ရွင္အမႀကီးက ကြ်န္ေတာ္မွာတဲ့ဟင္းနဲ႔ ထမင္းပြဲ
ျပင္ေပးၿပီး အိမ္ထဲကို ခပ္သုတ္သုတ္ေလး ဝင္ေျပး သြားတယ္။ ပါးစပ္ကလည္း " လာၿပီ...လာၿပီ " လို႔ ေအာ္သြားေသးတယ္။ ဘာျဖစ္မွန္းေတာ့မသိ။ ကိုယ့္က ထမင္းစားဖို႔လာတာေလ။ သူ႔ကိစၥစပ္စုဖို႔ မဟုတ္ေတာ့ " ဘာျဖစ္တာလဲ " လို႔ မေမးျဖစ္
လိုက္ဘူး။ ဒါနဲ႔ပဲ သူျပင္ေပးခဲ့တဲ့ ထမင္းနဲ႔ဟင္းကို
စားေနလိုက္တယ္။
သိပ္မၾကာပါေခ်....
"ပုလဲေငြမို ့သဲေရစို႔ပါတဲ့ ပဲေရြျမိဳ႕အပိုင္၊ ေအာက္
ခရိုင္ ေက်ာက္တိုင္သည္ဘက္......" အစခ်ီေသာ ဦးရွင္ႀကီးနတ္ပင့္သံ အိမ္ထဲက ထြက္လာတယ္။
ေဩာ္...ဆိုင္ရွင္အမႀကီး အိမ္ထဲေျပးဝင္သြားတာ ဒါေၾကာင့္ကိုးလို႔ ကိုယ့္ကိုကိုယ္ေတြးလိုက္တယ္။ ဒါေပမယ့္ အေတြးက တစ္ဆက္တည္း ဝင္လာပါ တယ္။ စဥ္းစားၾကည့္ေလ ဦးရွင္ႀကီးဆိုတာ ဧရာ တိုင္း၊ ဘိုကေလးနယ္က မိန္းမလွကြ်န္း ေခၚ ကြ်န္း ညိဳႀကီးမွာ ေရစာေကြ်းခံရၿပီး နတ္ျဖစ္ေနေသာ
ပုဂၢိဳလ္။ ထိုပုဂၢိဳလ္ႀကီး အပိုင္စားရတာက ေအာက္ ခရိုင္ ျမစ္ဝကြ်န္းေပၚတစ္ထိုးနဲ႔ အဲဒီနယ္မွာရွိတဲ့ ျမစ္ေခ်ာင္း၊ အင္း၊ အိုင္ေတြ။ ဒါတင္မက ပင္လယ္ ျပင္ႀကီးေတာင္ အဆစ္ပါလိုက္ေသး။
သို႔ေသာ္ ေတာင္ေတြထူထပ္ၿပီး ကုန္းေျမျမင့္လိုေန ရာမ်ိဳးျဖစ္တဲ့ ကြ်န္ေတာ္ေနထိုင္ရာ ျမဝတီၿမိဳ႕ကို လည္း ပင့္ဖိတ္ပါက ဟိုး....ပင္လယ္ဝကေန ေဒါန ေတာင္တန္းႀကီးကိုေက်ာ္ၿပီး ခ်က္ခ်င္းဆိုသလို ထို ပုဂၢိဳလ္ႀကီး အေရာက္လာႏိုင္တာပါပဲလား။ အင္း...သူ႔မွာလည္း စူပါပါဝါေတြ ရွိလို႔ျဖစ္မွာေပါ့, လို႔လည္း ခေလးေတြး, ေတြးမိေသးရဲ႕။
ကြ်န္ေတာ္တို႔ၿမိဳ႕ေလးမွာလည္း ျမစ္နဲ႔တူတာဆိုလို႔ ေသာင္ရင္းျမစ္ပဲ ရွိတာေလ။ ေႏြရာသီ ေရခမ္းခ်ိန္ ဆို ဟိုဖက္ကမ္းကို ခါးေတာင္းႀကိဳက္ၿပီး ျဖတ္ကူး လို႔ရတယ္။ အနက္ဆံုး ေရလယ္ေခါင္ဆိုတာ ဒူးအ ထက္သာသာ ေလာက္ပဲရွိတယ္။ ေရလမ္းခရီးဆို တာ ဟိုဖက္ကမ္း၊ ဒီဖက္ကမ္းကို စက္တပ္ေလွ ေလးေတြနဲ႔ ေန႔စဥ္ျဖတ္ကူးေနတာကလြဲလို႔ တစ္ နယ္ကေန တစ္နယ္ကို ေရလမ္းနဲ႔သြားရတဲ့ ခရီးက ရွိကိုမရွိတာ။ ဒီလိုေဒသမ်ိဳးမွာဆုိရင္ သူဘယ္ေပ်ာ္ ပါ့မလဲေလ။ လက္စြဲေတာ္ေစာင္းပိုက္လို႔ ငိုက္ေနရ မည့္အျဖစ္မ်ိဳး။
ခဏအၾကာ ေႂကြပန္းကန္ေလးကို လက္ကကိုင္ လၽွက္ ဆိုင္ရွင္အမႀကီး ထြက္လာတယ္။
" ဦးရွင္ႀကီးဟာ စားလား "
" ဗ်ာ "
" ဟုတ္ဘူးေလ...ဦးရွင္ႀကီးစြန္႔တဲ့ ငွက္ေပ်ာသီး
စားမလားလို႔ ေမးတာ "
" ဟာ...စားတာေပါ့ "
" အာ့ဆို...ေရာ့ "
ငွက္ေပ်ာသီးၾကည့္လိုက္ေတာ့ ဖီၾကမ္းငွက္ေပ်ာ သီး။ အခြံခြာထားၿပီးသား ျဖဳျဖဴေဖြးေဖြးနဲ႔ စားခ်င္ စရာႀကီး။ ကိုယ္ေတြမွာလည္း အယူမရွိေတာ့ ဘာပဲျဖစ္ျဖစ္ စားစရာကို စားစရာလို႔ပဲ သတ္မွတ္ ထားတဲ့သူ။ သူတို႔ ယံုၾကည္တာက နတ္ဆိုတာ အေငြ႕ပဲစားသတဲ့။ ဟုတ္မွာပါေလ။ ငွက္ေပ်ာသီး မွာ ကိုက္ရာမရွိ။ အေမႊးတိုင္စိုက္ထားတဲ့အေပါက္ ေလးကလြဲလို႔ က်န္တာေတြက အားလံုးအေကာင္း ပကတိ။
ထမင္းစားၿပီးတာနဲ႔ ကြက္တိပဲ။ ဆိုင္မွာဝယ္စား မယ္ဆိုရင္ အဲဒီအေနအထားေလာက္ဆို တစ္လံုး (၃၀၀)၊ ႏွစ္လံုးယူ (၅၀၀)။ အခုက အလကားစား ရတာဆိုေတာ့ ေငြ(၅၀၀) သက္သာသြားတာ နည္း တာမွတ္လို႔။ တစ္ရက္ျခားတစ္ခါ ဦးရွင္ႀကီးတင္ ပါေစလို႔ေတာင္ ဆုေတာင္းေပးရမလိုလို။
ငွက္ေပ်ာသီးကို တစ္ဖက္ကကိုက္လိုက္ ေရေႏြး ၾကမ္းေလးေသာက္လိုက္နဲ႔ ရွိေနစဥ္.....
အိမ္ထဲကေန " ကေတာင္...ကတင္ " ဆိုေသာ နားမခ်မ္းသာေစသည့္ သာယာနာေပ်ာ္ဖြယ္ရာ မေကာင္းေသာ ႀကိဳးညႇိသံလိုလို၊ လက္သံစမ္းတာ လိုလို ဘာမွန္းမသိေစတဲ့အသံႀကီး ထြက္ေပၚလာ ေလသည္။
" အဲဒါ ေစာင္းသံေလ "
" ေဩာ္..."
ဆိုင္ရွင္အမႀကီးက ဘယ္သူ၊ ဘယ္ဝါ တီးေနသည္ ဟုမေျပာ။ ေစာင္းသံဟုသာ သူ႔လိုရင္းကို သူေျပာ သည္။ ကြ်န္ေတာ္ကလည္း " ဘယ္သူတီးေနတာ လဲ " လို႔ ေမးမွမေမးတာ။ ေသခ်ာတာကေတာ့ ပါဝါရွင္ႀကီးမျဖစ္ႏိုင္။ အကယ္၍ အႏွီ စူပါ,ပါဝါ ရွင္ႀကီး ျဖစ္ျငားအံ့...သူလည္းအရြယ္က်ရွာၿပီ ထင့္......ေစာင္းခတ္သံလည္း မမွန္ႏိုင္ရွာေတာ့ေပ။
<Unicode Version>
ငှက်ပျောသီး
ငှက်ပျောသီးကို မက်မက်စက်စက် မကြိုက်ပေ မယ့်လည်း ညစာ ထမင်းစားပြီးတိုင်း ရက်ဆက်မ ဟုတ်တောင် တစ်ရက်ခြား၊ နှစ်ရက်ခြားဆိုသလို စားလေ့စားထရှိတယ်။
ဘာရယ်တော့မဟုတ် ထမင်းစားပြီးတိုင်း ခံတွင်း ချဉ်တတ်တဲ့ အကျင့်ရှိတော့ ခံတွင်းရှင်းစေဖို့ သ ဘောမျိုးနဲ့ စားရခြင်းပါ။ အချိုတည်းတာလို့ ဆို ချင်ဆို။
သည်နေ့တော့ အိမ်ရှင်မ,မအားလို့ ထမင်းဟင်း မချက်ဖြစ်ဘူး။ ဆိုတော့...ထုံးစံအတိုင်း ဆိုင်ထ မင်း၊ ဆိုင်ဟင်းပေါ့။ အပြင်မှာ ရာသီဥတုကပူတာ နဲ့ မနက်စာကို ပါဆယ်ဝယ်ပြီး အိမ်မှာပဲ အေးအေး ဆေးဆေး စားဖြစ်တယ်။ ကိုယ်တွေအလုပ်က လည်း မိုးလင်းသွား၊ မိုးချုပ်ပြန်တဲ့ အလုပ်။ ညစာ စားချိန်ရောက်တော့ ထမင်းဆိုင်မှာ လူသူရှင်းနေ တာနဲ့ ဆိုင်မှာပဲ ထိုင်စားဖြစ်တယ်။ ရေနွေးကြမ်းလေးနဲ့ဆိုတော့ အဆင်ပြေသား။
ထမင်းဆိုင်က လမ်းထိပ်မှာ အိမ်နဲ့နီးတယ်။ ဆိုင်
ရှင်အမကြီးက ကျွန်တော်မှာတဲ့ဟင်းနဲ့ ထမင်းပွဲ
ပြင်ပေးပြီး အိမ်ထဲကို ခပ်သုတ်သုတ်လေး ဝင်ပြေး သွားတယ်။ ပါးစပ်ကလည်း " လာပြီ...လာပြီ " လို့ အော်သွားသေးတယ်။ ဘာဖြစ်မှန်းတော့မသိ။ ကိုယ့်က ထမင်းစားဖို့လာတာလေ။ သူ့ကိစ္စစပ်စုဖို့ မဟုတ်တော့ " ဘာဖြစ်တာလဲ " လို့ မမေးဖြစ်လိုက်ဘူး။ ဒါနဲ့ပဲ သူပြင်ပေးခဲ့တဲ့ ထမင်းနဲ့ဟင်းကိုစားနေလိုက်တယ်။
သိပ်မကြာပါချေ....
"ပုလဲငွေမို့သဲရေစို့ပါတဲ့ ပဲရွေမြို့အပိုင်၊ အောက်
ခရိုင် ကျောက်တိုင်သည်ဘက်......" အစချီသော ဦးရှင်ကြီးနတ်ပင့်သံ အိမ်ထဲက ထွက်လာတယ်။
ေဩာ်...ဆိုင်ရှင်အမကြီး အိမ်ထဲပြေးဝင်သွားတာ ဒါကြောင့်ကိုးလို့ ကိုယ့်ကိုကိုယ်တွေးလိုက်တယ်။ ဒါပေမယ့် အတွေးက တစ်ဆက်တည်း ဝင်လာပါ တယ်။ စဉ်းစားကြည့်လေ ဦးရှင်ကြီးဆိုတာ ဧရာ တိုင်း၊ ဘိုကလေးနယ်က မိန်းမလှကျွန်း ခေါ် ကျွန်း ညိုကြီးမှာ ရေစာကျွေးခံရပြီး နတ်ဖြစ်နေသောပုဂ္ဂိုလ်။ ထိုပုဂ္ဂိုလ်ကြီး အပိုင်စားရတာက အောက် ခရိုင် မြစ်ဝကျွန်းပေါ်တစ်ထိုးနဲ့ အဲဒီနယ်မှာရှိတဲ့ မြစ်ချောင်း၊ အင်း၊ အိုင်တွေ။ ဒါတင်မက ပင်လယ် ပြင်ကြီးတောင် အဆစ်ပါလိုက်သေး။
သို့သော် တောင်တွေထူထပ်ပြီး ကုန်းမြေမြင့်လိုနေ ရာမျိုးဖြစ်တဲ့ ကျွန်တော်နေထိုင်ရာ မြဝတီမြို့ကို လည်း ပင့်ဖိတ်ပါက ဟိုး....ပင်လယ်ဝကနေ ဒေါန တောင်တန်းကြီးကိုကျော်ပြီး ချက်ချင်းဆိုသလို ထို ပုဂ္ဂိုလ်ကြီး အရောက်လာနိုင်တာပါပဲလား။ အင်း...သူ့မှာလည်း စူပါပါဝါတွေ ရှိလို့ဖြစ်မှာပေါ့, လို့လည်း ခလေးတွေး, တွေးမိသေးရဲ့။
ကျွန်တော်တို့မြို့လေးမှာလည်း မြစ်နဲ့တူတာဆိုလို့ သောင်ရင်းမြစ်ပဲ ရှိတာလေ။ နွေရာသီ ရေခမ်းချိန် ဆို ဟိုဖက်ကမ်းကို ခါးတောင်းကြိုက်ပြီး ဖြတ်ကူး လို့ရတယ်။ အနက်ဆုံး ရေလယ်ခေါင်ဆိုတာ ဒူးအ ထက်သာသာ လောက်ပဲရှိတယ်။ ရေလမ်းခရီးဆို တာ ဟိုဖက်ကမ်း၊ ဒီဖက်ကမ်းကို စက်တပ်လှေ လေးတွေနဲ့ နေ့စဉ်ဖြတ်ကူးနေတာကလွဲလို့ တစ် နယ်ကနေ တစ်နယ်ကို ရေလမ်းနဲ့သွားရတဲ့ ခရီးက ရှိကိုမရှိတာ။ ဒီလိုဒေသမျိုးမှာဆိုရင် သူဘယ်ပျော် ပါ့မလဲလေ။ လက်စွဲတော်စောင်းပိုက်လို့ ငိုက်နေရ မည့်အဖြစ်မျိုး။
ခဏအကြာ ကြွေပန်းကန်လေးကို လက်ကကိုင် လျှက် ဆိုင်ရှင်အမကြီး ထွက်လာတယ်။
" ဦးရှင်ကြီးဟာ စားလား "
" ဗျာ "
" ဟုတ်ဘူးလေ...ဦးရှင်ကြီးစွန့်တဲ့ ငှက်ပျောသီး
စားမလားလို့ မေးတာ "
" ဟာ...စားတာပေါ့ "
" အာ့ဆို...ရော့ "
ငှက်ပျောသီးကြည့်လိုက်တော့ ဖီးကြမ်းငှက်ပျော သီး။ အခွံခွာထားပြီးသား ဖြုဖြူဖွေးဖွေးနဲ့ စားချင် စရာကြီး။ ကိုယ်တွေမှာလည်း အယူမရှိတော့ ဘာပဲဖြစ်ဖြစ် စားစရာကို စားစရာလို့ပဲ သတ်မှတ် ထားတဲ့သူ။ သူတို့ ယုံကြည်တာက နတ်ဆိုတာ အငွေ့ပဲစားသတဲ့။ ဟုတ်မှာပါလေ။ ငှက်ပျောသီး မှာ ကိုက်ရာမရှိ။ အမွှေးတိုင်စိုက်ထားတဲ့အပေါက် လေးကလွဲလို့ ကျန်တာတွေက အားလုံးအကောင်း ပကတိ။
ထမင်းစားပြီးတာနဲ့ ကွက်တိပဲ။ ဆိုင်မှာဝယ်စား မယ်ဆိုရင် အဲဒီအနေအထားလောက်ဆို တစ်လုံး (၃၀၀)၊ နှစ်လုံးယူ (၅၀၀)။ အခုက အလကားစား ရတာဆိုတော့ ငွေ(၅၀၀) သက်သာသွားတာ နည်း တာမှတ်လို့။ တစ်ရက်ခြားတစ်ခါ ဦးရှင်ကြီးတင် ပါစေလို့တောင် ဆုတောင်းပေးရမလိုလို။
ငှက်ပျောသီးကို တစ်ဖက်ကကိုက်လိုက် ရေနွေး ကြမ်းလေးသောက်လိုက်နဲ့ ရှိနေစဉ်.....
အိမ်ထဲကနေ " ကတောင်...ကတင် " ဆိုသော နားမချမ်းသာစေသည့် သာယာနာပျော်ဖွယ်ရာ မကောင်းသော ကြိုးညှိသံလိုလို၊ လက်သံစမ်းတာ လိုလို ဘာမှန်းမသိစေတဲ့အသံကြီး ထွက်ပေါ်လာ လေသည်။
" အဲဒါ စောင်းသံလေ "
" ေဩာ်..."
ဆိုင်ရှင်အမကြီးက ဘယ်သူ၊ ဘယ်ဝါ တီးနေသည် ဟုမပြော။ စောင်းသံဟုသာ သူ့လိုရင်းကို သူပြော သည်။ ကျွန်တော်ကလည်း " ဘယ်သူတီးနေတာ လဲ " လို့ မေးမှမမေးတာ။ သေချာတာကတော့ ပါဝါရှင်ကြီးမဖြစ်နိုင်။ အကယ်၍ အနှီ စူပါ,ပါဝါ ရှင်ကြီး ဖြစ်ငြားအံ့...သူလည်းအရွယ်ကျရှာပြီ ထင့်......စောင်းခတ်သံလည်း မမှန်နိုင်ရှာတော့ပေ။
Photo: Credit
Phyo Zaw Oo
Phyo Zaw Oo
No comments:
Post a Comment