=================
အမှိုက်ကားဆိုတဲ့အတိုင်း အနံ့အသက်တော့ သိပ်
မကောင်း။ ရပ်ကွက်အတွင်း ရှိသမျှလမ်းကြိုလမ်း ကြားမကျန် အိမ်ပေါက်စေ့ရပ်ပြီး စားကြွင်းစား ကျန်နဲ့ ခြံထွက်အမှိုက်သရိုက်တွေကို လိုက်သိမ်းရ တဲ့အလုပ်။ ဒါကြောင့်လည်း အနံ့ဆိုးတာပေါ့။ တချို့ဆိုရင် ကားနားကို ဖြတ်သွားဖြတ်လာလုပ် တာတောင် ကိုယ်ပိုင်နှာခေါင်းပေါက်ကို လက်ငါး ချောင်းနဲ့ ပိတ်ပြသွားချေသေးရဲ့။ ဒါလည်း ကိုယ် ပိုင်ဒီမိုကရေစီပါပဲ။ အနံ့မခံနိုင်တော့လည်း ပိတ်မှာ ပေါ့လေ။
အထက်ကဆိုပြီးတဲ့အတိုင်း လမ်းကြိုလမ်းကြား
တစ်လမ်းဝင် တစ်လမ်းထွက်သိမ်းရတော့ တစ်ချို့
လမ်းတွေက ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ တစ်ချို့
လမ်းတွေကတော့ ကျဉ်းကျဉ်းမြောင်းမြောင်း။ လူ
ကြီးမင်းများလည်း ရပ်ကွက်အတွင်းရှိ မကောင်း
တဲ့ လမ်းတွေကို ကွန်ကရစ်လမ်းအဖြစ်ပြောင်းကာ
ကောင်းစေပါတယ်။ သို့သော် မိရိုးဖလာကျဉ်းနေ
တဲ့ လမ်းကိုတော့ဖြင့် လူကြီးမင်းများလည်း မည်
သို့မျှမတတ်နိုင်။
ကားအချင်းချင်း ရှောင်ရတာမခက်ခဲပေမင့် လမ်း
ကျဉ်းပေါ်မှာ ထက်ဝက်သာသာခန့် နေရာယူပြီး
နတ်ကန္နားမဏ္ဍပ်ကြီး ဆောက်လုပ်ထားတာတော့
ဖြင့် ကားတွေရှောင်လို့တိမ်းလို့ သိပ်မလွတ်ချင်။
နတ်တို့ရဲ့ ဒီမိုကရေစီလားတော့ မပြောတတ်ပါ။
ဒါပေသည့် ဦးဦး၊ ကိုကို၊ ဘဘ ကားဆရာများအ
တွက် ဂျိမ်းစ်ဘွန်းပမာ အသေးအဖွဲ။ သူတို့ကားက ငယ်တော့ကိစ္စမရှိ။ သို့သော် ကိုယ့်ကားမှာတော့ ကိစ္စရှိလာပြီ။ ကားကြီးတယ်။ ဘေးဘယ်ညာမှာ
သံတိုင်နဲ့တွဲပြီး သစ်သားဘောင်ခတ်ထားလေတော့
သံတိုင်များက ထိုးထိုးထောင်ထောင်။ မတော်လို့
မဏ္ဍပ်နဖူးစည်း ကတ္တီပါလိုက်ကာစလေးနဲ့ ငြိသွား
မှဖြင့် ကလော်တုပ်ခံနေရဦးမည်။
" ကြာဖြူရေ×××ကြာဖြူရေ×××ရွှေမိုးလေးတွေ
×××ရွာတိုင်းပဲသတိရတယ်×××"
အဆိုတော်မနောရဲ့ ကြာဖြူသီချင်းနဲ့ နတ်ချော့နေ
သံကို ကြားနေရပြီ။ ရှေ့ကားတွေ သာသာယာယာ
ထွက်သွာပြီးနောက် ကိုယ့်ကားအလှည့်ရောက်လာ
တယ်။ ကတ်သီးကတ်သပ် သတိထားသွားနေရင်း
နတ်ကနေသူကြီးအား အမှတ်တမဲ့ ကြည့်လိုက် တော့ နတ်ထိန်းမမကိုင်ထားတဲ့ ဗန်းထဲကကြက် ကြော်ကို ခေါင်းလေးခါခါနဲ့ နမ်းမလို့လုပ်နေတယ်။
ထိုစဉ်.......
" ဘုတ် "
ဘယ်ကဘယ်လို ပစ်တင်လိုက်မှန်းမသိသော ပီနံ
အိတ်နဲ့ အပြည့်ထည့်ထားသော အမှိုက်ထုပ်ကြီးရဲ့
ကားပေါ်ကျသံကြီးဟာ ' ဘုတ် 'ကနဲ မြည်သွားပြီး
နောက် မရှေးမနှောင်းမှာပင် မသတီစရာကောင်း
သော ခပ်ဆိုးဆိုးအနံ့က လွင့်လာတယ်။ ထို့အတူ
နတ်ကနေသူကြီးထံမှ...
" ဂေ့....အဟွတ်...ဟွတ်..."
သွားပြီ။ သူ့ခမျာ အားရပါးရ ကြက်ကြော်ကို နမ်း
လိုက်ချိန်ဝယ် ထိုမျှ အော်ဂလီဆန်စရာကောင်းလှ
သော အနံ့ဆိုးကြီးက နှာခေါင်းထဲသို့ တိုက်ရိုက်ဝင်
သွားချေ၏။ နတ်ကနေသူကြီးကို ကြည့်လိုက်ရာ
နှာခေါင်းလေး ရှုံ့တွရှုံ့တွနဲ့ တော်တော်အခံရခက်
သွားမည့်ပုံ။ ကြက်ကြော်ဗန်းကို လက်နဲ့အသာအ
ယာတွန်းထုတ်၍ ကားဘက်ကိုလှည့်ကြည့်တယ်။
စူးစူးဝါးဝါးအကြည့်။ ပြီးနောက် အထိန်းတော်တ
ဦးကို လှည့်ကြည့်ပြီး ကိုယ်တွေဖက်ကို မေးငေါ့ပြ
လေတယ်။
အရိပ်ပြလို့ အကောင်ထင်လိုက်တဲ့ အထိန်းတော်
ကြီး ပုဆိုးထဘီ(ပုဆိုးကို ထဘီကဲ့သို့ဝတ်ထားသူ) ကို စွန်တောင်ဆွဲလျှက် ခါးထောက်ကာမျက်မှောင် ကို ကုတ်၍လာချေပြီ။ ကားနားသို့ ရောက်လတ် သော်...
" ဒီမယ်...ကားမောင်းတဲ့ ဟိုကိုယ်တော် "
" ဗျာ..."
" မဗျာနဲ့...ရှင်လုပ်လို့ ဖေကျော်ကြီးရယ် ဒစ်လည် သွားပြီ "
" အယ်...."
" မအယ်နဲ့လေ...ရှင်တို့ ဘယ်သူလဲ...ဘယ်ကလဲ
တော့မသိဘူး...ဒါပေမယ့် ဒီကနေ ခပ်မြန်မြန်ထွက်
သွားပါ...ဒါပဲ "
" ဟိုဒင်း..."
" မဒင်းနဲ့...ဖေကျော်ကြီး စိတ်မဆိုးခင် ဒိုးလိုက် တော့ "
" ဒါနဲ့ စကားမစပ်...ခင်ဗျာ့ ဖေကျော်ကြီးက ကြက် ကြော်ကို ပါးစပ်ကြီးနဲ့မစားဘဲ...ဘဇာကြောင့် နှာ ခေါင်းနဲ့ စားရတာတုန်း...."
" ဘာရယ်...ဘာရယ်....!
ကဲ...ပြောစမ်းပါဦး...နတ်ဆိုတာ အငွေ့ကိုသာစား ပြီး အတွေ့ကိုမစားတဲ့အကြောင်းလေး "
" ေဩာ်...ဂလိုလား..."
" ဟုတ်တယ် "
" သွားဆိုလည်း သွားပါ့မယ်ဗျာ...ဒါပေမယ့် ဟိုမှာ
ဦးကျော်ကိုဆက်သထားတဲ့ အနီရောင်လက်ကျန်
ပုလင်းလေး စွန့်လိုက်ပါလား...သူတို့က အငွေ့စား
တာဆိုတော့ အရည်ကိုသောက်တတ်မယ် မထင်
ဘူးလေ..."
" ဘာလက်ကျန်ပုလင်းလဲ...လက်ကျန်တော့မရ...
စပပျံတော့ရမယ်...ယူမလား "
" အမလေးဗျာ..."
သူတို့လေးတွေလည်း မခေဘူး။ လိုင်းပေါ်က လိုင်း
သုံးဝေါဟာရလေးတွေနဲ့ ခေတ်တော့မီကြသား။
Phyo Zaw Oo
No comments:
Post a Comment