"အပ်ဝင် ပေါက်ဆိန်ထွက် ဗုဒ္ဓဘာသာ " - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

Breaking

Post Top Ad

Thursday, 5 October 2017

"အပ်ဝင် ပေါက်ဆိန်ထွက် ဗုဒ္ဓဘာသာ "


မူလပဏ္ဏာသအဋ္ဌကထာ၌ သရဏဂုံပျက်ခြင်း နှစ်မျိုး ပြထား၏။

ပုထုဇဉ် ဗုဒ္ဓဘာသာဝင်တစ်ယောက် သေဆုံးသွားလျှင် သရဏဂုံ ပျက်သည်။ ထိုပျက်ခြင်းသည် " အပြစ်မရှိသော သရဏဂုံ ပျက်ခြင်း " ဖြစ်သည်။

ဘုရား ,တရား ,သံဃာကို စွန့်ပယ်၍ အခြားသော ဘိုးတော်, မယ်တော် , ၃၇ မင်းနတ် , ရိုးရာနတ်, နတ်စိမ်းများ ကို . . . . . 

" အရှင်ကြီး ,အရှင်ကောင်းတို့အား ကျွနု်ပ်၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်း ကိုးကွယ်ပါ၏ " ဟု အဓိဋ္ဌာန်ပြု ဦးချလိုက်လျှင် သရဏဂုံ ပျက်၏။  ထိုပျက်ခြင်းသည် " အပြစ်ရှိသော သရဏဂုံ ပျက်ခြင်း " ဖြစ်၏။

ဘုရား ,တရား , သံဃာကိုလည်း မစွန့် ။
ဘိုးတော်, မယ်တော်ကိုလည်း ကိုးကွယ်ဆည်းကပ် နေမည် ဆိုလျှင် သရဏဂုံ မပျက်သော်လည်း " ညှိုးနွမ်း " သွား၏။

ထို့ကြောင့် သရဏဂုံ တည်သူများ ရရှိမည့် ကောင်းကျိုးများကို " တင်းပြည့် ,ကျပ်ပြည့် " မရနိုင်တော့ပေ ။ အပ်ဝင် ပေါက်ဆိန်ထွက် ဟူသော စကားကဲ့သို့ ဖြစ်တတ်၏။ 

အပ်တစ်ချောင်း ဝင်လာပြီး ပေါက်ဆိန်တစ်ချောင်း ထွက်သွားမည် ဆိုလျှင် မိမိအတွက် ဆုံးရှုံးသည်သာ ဖြစ်၏။

ထိုသို့သော နတ်များကို ကိုးကွယ် ဆည်းကပ်သည့် အတွက် စီးပွားတက်ခြင်း၊ ရာထူး တက်ခြင်းသည် အပ်တစ်ချောင်း ဝင်လာသည်နှင့် တူ၏။ 

အကြောင်းကား စီးပွားတက်ခြင်း ၊ ရာထူးတက်ခြင်းကြောင့် ရရှိလာသော စည်းစိမ်ဥစ္စာသည် တစ်ဘဝ တစ်နပ်စာသာ ဖြစ်သည် ။

သရဏဂုံ ညှိုးနွမ်းသွားလျှင် " ၉၁ ကမ္ဘာ အပါယ်တံခါး ပိတ်ရခြင်း စသော ကောင်းကျိုးများ " ကို မရနိုင်တော့ပေ ။

ဤကား မိမိထံမှ ပေါက်ဆိန်တစ်ချောင်း ပြန်ထွက်သည်နှင့် တူ၏။

"တစ်ဘဝတာ သရဏဂုံ တည်မြဲသူများ " ရရှိမည့် ကောင်းကျိုးများ

- ၉၁ ကမ္ဘာ အပါယ်တံခါး ပိတ်ခြင်း ။
- အကြိမ် ၈၀ သကြားမင်း ဖြစ်ရခြင်း ။
- ၇၅ ကြိမ် စင်္ကြာမင်း ဖြစ်ရခြင်း ။
- ရိုးရိုး ဧကရာဇ်ဘုရင် ဘဝအကြိမ်ပေါင်း များစွာ ဖြစ်ရခြင်း . . . . တို့တည်း ။

                      " မေတ္တာရှင် ရွှေပြည်သာ " 
                         "ဓမ္မ နှစ်သက်သူ "

No comments:

Post a Comment