ရာဇပုလ္လင်ပေါ်နေကြတ်ခြင်း၏ အကျိုးဆက်များလော?
**************************************
Bella Liberty
Politic မှာ Mars , Saturn နဲ့Uranus တို့ကအဓိက ပဌာနအကျဆုံး ဇာတ်ကောင်တွေဖြစ်ကြပါသည်။ ဤသောမလဂ်-စန်းဇာတာရှင်သမ္မတကရုပ်သေးသာ
မဖြစ်ခဲ့ရင် ယနေ့ရခိုင်အရေးခင်းမ ျိုး ဖြစ်ကလာစရာ အကြောင်းမရှိနိုင်ပါဘူး။
ဒီနေ့ကြေးမှုံသတင်းစာခေါင်းစည်းမှာနိုင်ငံတော်သမ္မတ
ဦးထင်ကေ ျာ်၏အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသခံယူ
မှု့ကို ထိုင်းမှာအောင်မြင်စွာခွဲစိပ်အောင်မြင်ကြောင်း သတင်းပါလာပါသည်။
ဤသတင်းမတိုင်ခင် သြဂုတ်လ၂၁ ရက်နေကြတ်ခြင်း ဆောင်းပါမှာနေကြတ်ခြင်း၏အကျိုးအဆက်ကို
ဟိန္ဒူမူအရ အမြင်အယှဉ်ရှိခြင်းမရှိခြင်းတို့အပေါ်မှာ
မဆုံးဖြတ်သင့်ဘဲ အမြင်အယှဉ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်
စေ နေကြတ်ခြင်းကတိုင်းပြည်နှင့်မင်းတို့၏ဇာတာပေါ်မည်
သည့် အတန့်ဘာဝတို့အပေါ်က ျရောက်နေသည်အပေါ်မှာ
သာစံထား၍ အက ျိုးအဆက်အဟောကိုထုတ်ရာ၏လို့စာရေးသူက ဝေဒမဂ္ဂဇင်းမှာရေးခဲ့ဘူးသလို နေကြတ်
ဟောဆောင်းပါးတိုင်းမှာလိုလို ဖေါ်ပြလေ့ရှိခဲ့ဘူးပါသည်။
သို့ဖြစ်၍ သြဂုတ်လ ၂၁ ရက်နေ့နေကြတ်ခြင်းက အမေရိကန်သမ္မတ Donald Trump ရဲ့အင်္ဂ ါနှင့်ယှဉ်နေ
သော သိဟ်လဂ်ပေါ်၌ကြတ်၍ Trump ၏ MC ဆယ်တန့့်ဘာဝနှင့် နိစ်စန်းတို့နှင့်ပါကိန်းပိတ်မိနေခဲ့ပါသည်။
သို့ဖြစ်၍မြောက်ကိုရီးယားက Trump ကိုပိုမိုဆန့်ကျင်လာ နေသလိုအမေရီကန်သမိုင်းမှာမကြုံစဖူးမုန်တိုင်းနှင့်ရေကြီး
မှု့တွေကလည်း အလှ ျံပယ်ရှိလာနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ လိုအပ်နေပြီဖြစ်ပါတယ်။
တခါထိုနေကြတ်ခြင်းကMars အင်္ဂ ါနှင့်ယှဉ်နေသော မြန်မာနိုင်ငံတော်ဇာတာ၏ MCဆယ်တန့့်ရာဇာပုလ္လင်ပေါ် တိတိပပကျရောက်နေတာမို့စာရေးသူက မင်းအစိုးရတို့ ဘက်စုံသတိထားဘို့တော့လို လိမ့်မည်လို့fb နဲ့ဂျာနယ် တွေမှာကြိုတင်သတိပေးထားခဲ့ရာ စစ်တပ်က တပ်မနဲ့ချီ ရသောအနောက်ခြမ်းသို့စစ်မြေပြင်သစ်ကိုတိုးချဲ့ ရသလို၊
ယနေ့သတင်းအရ နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်က
BKK မှာအူလမ်းကြောင်းခွဲစိပ်ခဲ့ရကြောင်းသိရပြန်ပါသည်.။
ဒီတော့ သမတကြီးဇာတာက Cancer Ascendant ကြဋ်
လဂ် Pisces Moon မိန်စန်းဖြစ်ပြီးMC ဆယ်တန့်ဘာဝကို Mars အင်္ဂ ါ စိုးမိုးထားသလို သမ္မတကြီး၏ ဆယ်တန့်သ္ခင် အင်္ဂ ါက နိုင်ငံတော်၏ ရာဇာပုလ္လင်ပေါ်မှာ တည်နေပြန်ပါ
သည်။ နောက်ပဌာနအကျဆုံးက ကောဇာ Uranus က နိုင်ငံတော်စန်း၏ ၈ တန့်၌ တည်နေသောသမ္မတကြီး၏
MC ဆယ်တန့်ဘာဝကိုဖြတ်သန်းနေခ ျိန်မို့သမ္မတကြီး အတွက်နိုင်ငံရေးမှာ ကိုင်တွယ်ရန်ခက်ခဲသော အနေအ
ထားများအပြင် ယခုလို ကျန်းမာရေးကိုခွဲစိပ်ခံရတဲ့အထိ
ဝေဒနာ ရှိလာရခြင်းဖြစ်ပါတယ်။
Theory အရ Uranus MC ကိုဖြတ်ရင်နိုင်ငံတော်ဇာတာ မှာဆိုရင် ထိုတိုင်းပြည်မှာ မင်းပြောင်းမင်းလွဲ ဖြစ်တတ်ပါ
တယ်။ ဥပမာ ၁၉၆၂ မှာ Uranus က နိုင်ငံတော်ဇာတာ၏ MC သိဟ်ရာသီကိုအဝင်မှာ စစ်တပ်က အာဏာသိမ်းခဲ့
ပါတယ်။ တခါ သီပေါမင်းဇာတာ၏ MC ကို Uranus ဖြတ် သန်းခ ျိန်မှာသီပေါ မင်းနန်းကျခဲ့ပါတယ်။
ယ္ခုလည်းသမတကြီး၏ MC ကို Uranus ဖြတ်သန်းနေချိန် နှင့်တိုက်ဆိုင်နေသလို သမတကြီး၏စန်းက နိုင်ငံတော်စန်းနှင့် သမသတ် ဆန့်ကျင်နေသလို ကြဋ်လဂ်ကလည်းနိုင်ငံတော် ဇာတာလဂ်နှင့် Declination အများကြီးကွာဟနေတာမို့ နိုင်ငံတော်သမတကြီးအနေနဲ့သက်တမ်းစေ့မနေနိုင်ရန်ကျမ်း
မာရေးကြောင့် အနားယူရမယ့်ကိန်းကို ဆိုက်ရောက်သွား စေနိုင်ပါတယ်။
Astro- Medical Science အရဆိုပါရင် အူလမ်းမကြီး လမ်းကြောင်းမှာ ပင်လယ်ရေအောက်က ကျောက်ခက် ကျောက်ပန်းတွေလို အထပ်လိုက် အူနံရံတွေမှာ တက်လာ နေတာမ ျိုးပါ။ ဒါကို ခြစ်ထုတ်ပစ်လိုက်ရင်လည်း အပင် ပေါက်သလိုထပ်ပွားလာနိုင်ပြီး အူမကြီးကိုဖြတ်ဆက်ထား မယ်ဆိုပါက Uranus က MC ကိုဖြတ်သန်းနေချိန်အတွင်း
မှာ ပျောက်ခဲနိုင်လှပါတယ်။
မိမိဦးနှောက်မှာ stress တွေမ ျားလာနေမယ်ဆိုရင်လည်း
ကျန်းရေးကပြောက်ခဲနေမှာဖြစ်သလို ဆေးမတိုးတာမ ျိုး၊ ကြန့်ကြာနေရတာတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့လက်ရှိအခြေနေမှာ တာဝန်မှအနား ယူသင့်ပါတယ်။ အနားယူပြန်တော့လည်း သမ္မတကြီးလို
သောမလဂ်-သောမစန်းသမား သမ္မတတစ်ယောက်ကို
အစားပြန်ရဖို့ ခက်ခဲပါတယ်။
သမတကြီးရဲ့လဂ်သခင်က တနလာၤစန်းဖြစ်ပြီး စန်းသ္ခင်က ကြာသပတေးဖြစ်နေတာမို့ သောမလဂ်-သောမစန်း သမား
လို့ဆိုရခြင်းဖြစ်ပါတယ်။ သမ္မတကြီးက အတ္တမာနကင်း သူဖြစ်ပြီး နုူးညံ့သိမ်မွေ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဦးနေဝင်းက ဓနုလဂ် -မေထုံစန်းမို့သောမလဂ်-သောမစန်း
ဖြစ်သလို သမ္မတဦးသိန်းစိန်ကလည်း ပြိဿလဂ်+ကန်စန်း ပေမို့သောမလဂ်-သောမစန်းပဲ ဖြစ်ပါတယ်။
ဒါကြောင့်သမ္မတကြီးနားသွားရင် နောက်ထပ်
သောမလဂ်-စန်းပိုင်ရှင်တစ်ယောက်ကိုရဘို့ခက်ပါတယ်။တိုင်းပြည်တစ်ခု မှာပါပ-အားကြီးနေသူ သို့မဟုတ်လဂ်စန်း နှစ်ပါးစလုံးကိုပါပ-ဂြိုဟ်တွေ ကိန်းပိတ်နေသူတစ်ယောက် ဖြစ်နေမယ်ဆိုရင် ထိုထိုသောတိုင်းပြည်တွေမှာ အနိဌာရုံတွေ
နဲ့သာ လွှမ်းခြုံလာနေမှာဖြစ်သလို ထိုခေါင်းဆောင်က
အနိဌာရုံနဲ့မငြိမ်းခ ျမ်းခြင်းတို့၏ အရှင်သခင်လည်းဖြစ်သွား တတ်ပါသည်။
နိုင်ငံတော်နဲ့နိုင်ငံတော်သမတကြီးအတွက်( October 15th 2017 )မှ( January 16th 2018 ) အတွင်း၌၎င်းတခါ
( March 9th 2018 မှ May 1st 2018)အတွင်း လပိုင်း
များမှာတော့ ကျမ္မာရေးအပါဝင် ဘက်စုံသတိထားစရာ
များက ရှိနေဦးမည်ဖြစ်ပါသည်။
သမ္မတကြီးကျန်းမာလို့သက်တမ်းပြည့် တာဝန်ထမ်းဆောင်နိုင်ပါစေ။
ဘဲလားလေဘာတီ ( Political Scientist, USA )
September 11th 2017
ပေးထားသောDOB နဲ့ အခ ျိန်မှန်ပါက ၉၀% မှန်နေလိမ့်မည်။
No comments:
Post a Comment