"လူမိုက်၊ လူရမ်းကားများကို သတိထား"
********************************
********************************
September 8, 2017
ကိုယ့်လမ်းကိုယ် သွားပေမယ့် ကံမကောင်းတဲ့အခါ အခုလို ဘာကြောင်နေတာမှန်းမသိ အလိုလို သွေးကြွနေတဲ့ လူရမ်းကားများနှင့်လည်း တွေ့ရတတ်ပါတယ်။
ဖြစ်စဉ်ကတော့ ဒီနေ့ပဲ ည ၈ နာရီခွဲလောက်မှာ ကျွန်တော်တို့ ကျိုက်က္ကဆံလမ်းအတိုင်း united living mall အရှေ့ကနေ ပုံမှန်လေးပဲ မောင်းလာနေပြီးတော့ ဗညားဒလလမ်းပေါ်ကိုတက်ဖို့ ဦးထွန်းမြတ်လမ်းထဲကနေ ဖြတ်ဝင်ပါတယ်။ သွားတဲ့တလျှောက်မှာ ကိုယ့်ကားရဲ့အရှိန်ဟာလည်း မနှေးလွန်း မမြန်လွန်းသလို ကိုယ့်ရှေ့မှာလည်း probox taxi တစီးက သွားနေပါတယ်။
သူ့နောက်ကနေပဲ ပုံမှန်လေးလိုက်နေပေမယ့် ဦးထွန်းမြတ်လမ်းကို ဖြတ်ဝင်ပြီးနောက်မှာ နောက်ကြည့်မှန်ကတဆင့် သတိထားမိတာက ကိုယ့်ကားနောက်မှာ ကားတစီးက ပါလာပြီး ကျွန်တော့်ကားကို ထိလုထိခင်အထိ တော်တော်ကြီးကို လိုက်ကပ်လွန်းနေတာကိုပါ။
နောက်ကားက ဘာလို့အဲ့လောက် လိုက်ကပ်နေတာလဲလို့ ကျွန်တော်က နောက်ကြည့်မှန်ကြည့်ရင်း ပြောမိလို့ အခုဗွီဒီယိုကို ရိုက်ထားတဲ့ မိန်းခလေးကပါ တခါတရံ ဇွတ်လိုက်ကပ်နေလွန်းလို့ သူ့ဖာသာ ဘရိတ်ဆောင့်ဆောင့်အုပ်ပြီး သူ့ကားက တုန့်ကနဲဖြစ်ဖြစ်သွားတာကို လှည့်ကြည့်ရင်း သတိထားမိခဲ့ပါတယ်။
အဲ့ဒီနောက် ဦးထွန်းမြတ်လမ်းပေါ်ကနေ ဗညားဒလလမ်းပေါ်တက်တဲ့အခါ သူ့ကားပြတ်ကျန်ခဲ့လို့ ဟုတ်ပြီပေါ့နေတာ မပြီးသေးဘူးခင်ဗျ နောက်က အသဲအသန်လိုက်လာပြီး ကျော်လည်းမကျော်ပဲ ဘာကြောင့်မှန်းမသိ ဖင်ကိုဆက်ပြီး တွန်းနေပါတယ်။ ဒါပေမယ့် သျှင်ပါဂူဆေးရုံအနီး ဖိုးစိန်လမ်းဆုံနားရောက်ခါနီးမှာတော့ ကျော်တက်လာပြီး ကားချင်းယှဉ်တော့ ဘေးကဆဲသွားပါတယ်။
ဒါတင်ပဲလားဆိုတော့ ကျော်တက်ဆဲဆိုပြီး ဒီတိုင်းမသွားပဲ လမ်းလယ်ခေါင်မှာပဲ ကျွန်တော့်ကားရှေ့ကနေ ပိတ်ရပ်လိုက်တော့ ကိုယ်လည်းရပ်လိုက်ရတာပေါ့။ ရန်မများချင်လို့ သူ့ကားကိုရှောင်ပြီး ကျော်တက်တော့ ထပ်မံဆဲဆိုပြီး မင်းကားရပ်လိုက် မင်းမိုက်ရင်ဆင်းလာခဲ့ဆိုပြီး ဘေးချင်းယှဉ်တဲ့အခါထပ်ပြောပါတယ်။ ကျွန်တော်မှ မမိုက်တာ ဘယ်ဆင်းမလဲ။ သူဆင်းလာတာပဲစောင့်ပြီး အေးအေးဆေးဆေးမေးပါတယ် ဘာများဖြစ်လို့ပါလဲဆိုပြီးတော့။
သူ့မှာလည်း ဘာဖြစ်လို့ပါ ဆိုတာအတွက် အဖြေမရှိပေမယ့် တုတ်ကြီးကိုင်ပြီးတော့ video ထဲကအတိုင်းပဲ ဆဲဆိုစော်ကားသွားပါတယ်။ ဖြစ်စဉ်ကို ဆက်ရရင် ကျွန်တော်ဆက်မမောင်းတော့ပဲ ကားရပ်လိုက်ရတယ်ဆိုတဲ့အကြောင်းက သူပဲ ရှေ့ကနေ နောက်တကြိမ် ထပ်ကျော်ပြီး နောက်တခါ ပိတ်ရပ်လိုက်တဲ့အတွက် နောက်ထပ်တကြိမ် ဆက်ရှောင်ပြီး မောင်းသွားရင် ပြီးမှာမဟုတ်ပဲ အဲ့ဒီလူက နောက်ကဆက်လိုက်ပြီး ပြသနာထပ်ရှာမှာစိုးရိမ်လို့ မဖြစ်မနေ လမ်းဘေးချရပ်လိုက်ရတဲ့ သဘောလည်း ပါပါတယ်။
သူကားပေါ်က ဆင်းလာပြီး အဲ့လိုမလုပ်ခင် လမ်းပေါ်မှာ ပိတ်ရပ်ပြီး မိုက်ကြေးခွဲ ကားကိုဇွတ်ရပ်ခိုင်းတာကို လမ်းဘေးကရပ်ထားတဲ့ ဒိုင်နာကားပေါ်က အန်ကယ်ကြီးက အစအဆုံး မြင်လိုက်ရတော့ ကလေးတို့သွားသွားဆိုပြီး ကျွန်တော့ကို ဆက်သွားခိုင်းပေမယ့် ဆက်သွားရင် ခုနကပြောခဲ့သလိုပဲ ထပ်လိုက်လာမှာစိုးရိမ်လို့ သူဆင်းလာတာကိုပဲ စောင့်ပါတယ်။ ကားနံပတ်ကတော့ 6C/9662 ဖြစ်ပြီး လူကိုရော ကားကိုရော သူဆဲဆိုသွားတာတွေပါ ဗွီဒီယိုနဲ့ မှတ်တမ်းတင်ထားပါတယ်။
အဆိုးဆုံးက ဆွဲထုတ်ပြီး ဆန့်လို့ရတဲ့ တုတ်ကိုကိုင်ပြီး ဆင်းလာတာပါ။ ဒါဟာ လက်နက်ကိုင်ဆောင်မှု မြောက်တယ်မမြောက်ဘူးဆိုတာတော့ ကိုယ်ကလည်း ဥပဒေသမားမဟုတ်တော့ မသိပါဘူး။ ဒါမျိုးတုတ်တွေအပြင် တချို့လက်နက်အဖြစ် အသုံးပြုလို့ရတာတွေကို အွန်လိုင်းမှာပဲ လူတိုင်းက ဈေးပေါပေါနဲ့ ဝယ်လို့ရနေတာကလည်းဆိုးပါတယ်။ အကယ်၍များ ကျွန်တော်သာ သူရန်စလို့ဆိုပြီး မခံချင်စိတ်နဲ့ ကားပေါ်က ဆင်းလိုက်မိရင်တော့ အဲ့ဒီတုတ်နဲ့ ကိုယ့်ကို တကယ်ဆော်သွားမယ့်ပုံပါပဲ။
ကိုယ်က ကောင်းကောင်းမွန်မွန်မေးတာတောင် ဆဲဆိုရမ်းကားပြီး မိုက်ကြေးခွဲသွားသေးတယ်ဆိုတော့ ဒီကားနံပတ်နဲ့ ဒီလူကိုတွေ့ခဲ့လိုရှိရင် မိတ်ဆွေတို့လည်း ဝေးဝေးက ရှောင်ကြပါလို့။ ဒါနဲ့ ပြောချင်တာ ကျန်သေးတယ်ခင်ဗျ။ ဖြစ်စဉ်ပြီးပြီးချင်း 199 ကိုဖုန်းခေါ်ပြီး အကျိုးအကြောင်းပြောပြ တိုင်တန်းတဲ့အခါ တာမွေရဲစခန်းကိုသွားပြီး အမှုဖွင့်လို့ရပါတယ်လို့ ဖြေပေးပါတယ်။ ဟုတ်ကဲ့ အမှုဖွင့် တရားစွဲတဲ့အခါ တရားရုံးတွေဘာတွေသွားရ ရုံးချိန်းတွေဘာတွေသွားရတာမျိုး ရှိမှာလားထပ်မေးတော့။
အဲ့ဒီလိုတွေတော့ ရှိမှာပါဆိုတော့ တော်ပြီလေ။ လက်နက်ကိုင်ဆောင်မှု၊ ညစ်ညမ်းစွာဆဲရေးတိုင်းတာမှုနဲ့ လမ်းပေါ်မှာ သတိလက်လွတ် ထင်ရာစိုင်းပြီး ရမ်းကားစွာ ယဉ်မောင်းနှင်မှု စတာတွေကို တပြိုင်တည်း ကျူးလွန်ခဲ့သော လမ်းသွားရင်း ကြုံရတဲ့ ခွေးရူးလို အမှိုက်တစအတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းချင်စိတ်မရှိလို့ ရဲစခန်းကိုလည်း သွားရောက်တိုင်တန်း အမှုဖွင့်တာမျိုး မလုပ်တော့ပဲ အခုလို ဖေ့ဘွတ်ပေါ်သာတက်ပြီး သက်သေနှင့်တကွ ဖေ့ဘွတ်သုံးစွဲသူ မိဘပြည်သူများကို တိုင်တောလိုက်ရပါကြောင်းခင်ဗျာ။
အခြားလူတွေလည်း ဘာကြောင်လို့ ကြောင်နေတာမှန်းမသိတဲ့ အခုလို လူရမ်းကား လူမိုက်မျိုးကို ကျွန်တော့်လိုပဲ ကြုံဆုံလာရတဲ့အခါ သတိထားမိပြီး ဝေးဝေးက ရှောင်နိုင်ဖို့အတွက် အခုပ့ိုစ်လေးကိုများများ share ပေးဖို့ မိတ်ဆွေတို့ကို တောင်းဆိုအပ်ပါတယ်ခင်ဗျာ။
Video က ၃၉ စက္ကန့်ပဲ ရှိပါတယ်ခင်ဗျာ။
No comments:
Post a Comment