ဘဏ်ဓားပြ VS ဘဏ်မန်နေဂျာ
****************************
(၁)
တစ်ခါတုန်းက ဘဏ်တစ်ခုကို ဓားပြတွေတိုက်ခဲ့တယ်။ ဓားပြတစ်ယောက်က အားလုံးကို အော်ပြောလိုက်တယ်
"အားလုံးပဲ မလှုပ်နဲ့နော်။ ပိုက်ဆံကို နိုင်ငံက ပိုင်သလို မင်းတို့အသက်ကို မင်းတို့ပိုင်တယ်နော်"
ဒါနဲ့အားလုံး တိတ်ဆိတ်ပြီး လှဲချလိုက်ကြတယ်။
ဒါကို အမြင်ပြောင်းတဲ့ သဘောတရားလို့ခေါ်တယ်။ (အစဉ်အလာလိုဖြစ်နေတဲ့ အတွေးအခေါ်တစ်ခုကို ပြောင်းလဲလိုက်ခြင်းပဲဖြစ်ပါတယ်)
( ၂ )
အမျိုးသမီးတစ်ယောက်က စားပွဲပေါ်မှာ မပေါ့တစ်ပေါ်လေး လှဲလျောင်းလိုက်တော့ ဓားပြက-
"သိက္ခာရှိရှိနေကြပါ။ ဒါ ဓားပြတိုက်နေတာနော်။ အဓ္ဓမကျင့် နေတာမဟုတ်ဘူး။" လို့ပြောလိုက်တယ်။
ဒါကို ပညာရှင်ပီသခြင်းလို့ခေါ်တယ်။
(ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုတည်းပေါ်မှာပဲ အာရုံစိုက် ထားခြင်းပဲဖြစ်ပါတယ်။)
(၃)
ဓားပြတွေ ဘဏ်ကနေ ပြန်လာကြတော့ MBA သင်တန်းထက်ရောက်ပြီးစီးတဲ့ ဓားပြလူငယ်လေးတစ် ယောက်က မူလတန်းအဆင့်လောက်သာ ပညာသင်ခဲ့ဖူးတဲ့ အသက်ကြီးတဲ့ ဓားပြကြီးကို
"အကိုကြီး။ ကျွန်တော်တို့ဘယ်လောက်ရလိုက်လဲ ရေ ကြည့်လိုက်ရအောင်။"
လို့ပြောတော့ အသက်ကြီးတဲ့ ဓားပြကြီးက-
"မင်းတော်တော်တုံးတာပဲ။ ပိုက်ဆံဒီလောက်များတာ ဘယ်လိုလုပ် ရေမလဲ။ ညနေကျမှ TV ကိုကြည့်လိုက်ရင် TV က ငါတို့ဘယ်လောက်ရလာလဲဆိုတာကို ပြော လိမ့်မယ်။"
ဒါကိုတော့ အတွေ့အကြုံလို့ခေါ်တယ်။
(ခုဆိုရင် စာရွက်ပေါ်က ပညာအရည်အချင်းတွေထက် အတွေ့အကြုံက ပိုပြီး အရေးကြီးလာတယ်)။
(၄)
ဓားပြတွေ ဘဏ်ကနေ ထွက်သွားကြတော့ ဘဏ်မန်နေဂျာက ဘဏ်ကြီးကြပ်ရေးမှူးကို ရဲကိုမြန်မြန်ခေါ်ဖို့ပြောလိုက်တော့ ဘဏ်ကြီးကြပ်ရေးမှူးက
"ခဏလေး နေပါဦး။ ခဏလေးနေပါဦး။ ငါတို့အလွဲ သုံးစားလုပ်ထားတဲ့ ဘဏ်ပိုက်ဆံ ၅သန်းကို ဓားပြတွေ ယူသွားတဲ့ ပိုက်ဆံ အထဲထည့်လိုက်ကြရအောင်။"
ဒါကို အလိုက်သင့်ပြုမူခြင်း (ရေလိုက်ငါးလိုက်နေခြင်း) လို့ခေါ်တယ်။ (အခြေအနေမဟန်တော့တဲ့ အနေအထားမှာ အမြတ်ထွက်အောင် ကြံဆောင်ခြင်းပေါ့)
(၅)
ဘဏ်ကြီးကြပ်ရေးမှူးက "လတိုင်း လတိုင်း ဘဏ်ကို ဓားပြတိုက်ရင် ကောင်းမှာပဲ။"လို့ ပြောတယ်။
ဒါကို အပျင်းဖြေဖျောက်နည်း လို့ခေါ်တယ်။
(ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲမဟုတ်လား)
(၆)
နောက်တရက်မှာ TV ထဲမှာ ဘဏ်ထဲက သန်းတစ်ရာကို ဓားပြတိုက်သွားတယ်လို့သတင်းထဲမှာ ကြေငြာတယ်။ ဓားပြတွေက သူတို့ရလာတဲ့ ပိုက်ဆံတွေကို ရေပြီးရင်းရေနေတာပေါ့။ ဒါပေမယ့် သန်း၂၀ ပဲရှိတယ်။ ဓားပြတွေက အရမ်းကို စိတ်ဆိုးပြီး
"ငါတို့မှာတော့ အသက်နဲ့ရင်းပြီး သန်း ၂၀ထဲရတယ်။ ဘဏ် မန်နေဂျာကတော့ လက်ဖျောက်လေးတစ်ချက် တီးတာနဲ့သန်း ၈၀ တောင်ရသွားတယ်။ အင်း သူခိုးဖြစ်ဖို့ဆိုရင်တောင် ပညာတတ်ဖို့လိုပါလား!" လို့ ညည်းလိုက်တယ်။
ဒါကတော့ ပညာဗဟုသုတဟာ ရွှေလိုပဲ အဖိုးတန်တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။
(၇)
ဘဏ်မန်နေဂျာကြီးကတော့ ပြုံးပျော်နေတာပေါ့။ ဘာလို့လဲဆိုတော့ ရှယ်ယာ ထည့်ထားပြီး ဆုံးရှုံးသွားတဲ့ သူ့ရဲ့ငွေတွေဟာ အခု ဓားပြမှုကြောင့် အားလုံး အဆင် ပြေသွားလို့လေ။
ဒါကိုတော့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ခြင်းလို့ခေါ်တယ်။
Crd-orginal uploader
Post Top Ad
Tuesday, 12 September 2017
ဘဏ္လုယက္မႈကရတဲ့ သင္ခန္းစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment