▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
သူရဖြိုး
အင်တာနက်အသုံးများလာချိန်မှာ Twitter ဆိုတာကို လူမှုကွန်ရက်တစ်ခုအဖြစ် လူအများစု က ကြားဖူးကြမှာဖြစ်ပေမယ့် ဘယ်လိုသုံးရလဲဆို တာကိုတော့ နည်းပညာနဲ့ နီးစပ်တဲ့ လူငယ်ပိုင်း ကသာ သေသေချာချာသိနိုင်ပြီး အများစုကတော့ ကိုယ်တိုင်မသုံးဖူးကြသလို သိကြမှာလည်း မဟုတ် ပါဘူး။ ဒါကြောင့် Twitter ဆိုတာ ဘာလဲဆိုတာနဲ့ Twitter ကို စတင်သုံးစွဲမယ်ဆိုရင် ဘယ်လို စလုပ်ရမလဲ၊ ဘယ်လိုတွေ သုံးရမလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။
Twitter ဆိုတာ ဘာလဲ
*******************
*******************
Twitter ဆိုတာ အခမဲ့အသုံးပြုနိုင်တဲ့ အင်တာနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး သုံးနေကြတဲ့Facebookလို၊ အရင်က အသုံး များခဲ့တဲ့Friendster နဲ့ Tagged တို့လို လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတကာမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်နေ၊ လူသုံးများနေတဲ့ လူမှုကွန်ရက်တစ်ခုပဲဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် အိုင်တီကုမ္ပဏီကြီးဖြစ်တဲ့Twitter Inc က twitter.com ကို ၂ဝဝ၆ ခုနှစ် က ဖန်တီးခဲ့ပြီး အခုဆိုရင် အသုံးပြုသူပေါင်း ၃၂၈ သန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာမှာFacebook၊Twitter နဲ့ Instagram တို့ဟာ လူသုံးများတဲ့ လူမှုကွန်ရက်တွေဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ၤFacebook တစ်ခုတည်းကိုသာ လူသုံးများပြီး ကျန်တဲ့ဆိုရှယ်နက်ဝပ်တွေကိုတော့ အသုံးနည်းပါ တယ်။ ဒါပေမယ့်LinkedInလို နည်းပညာပိုင်း ဆိုင်ရာ လူမှုကွန်ရက်မျိုးကလွဲရင် ကျန်တဲ့လူမှု ကွန်ရက်တွေရဲ့ အသုံးပြုပုံ သဘောသဘာဝက ခပ်ဆင်ဆင်တွေပဲမို့ Facebook အသုံးပြုနေကျ လူတစ်ယောက်အနေနဲ Twitterမှာ ကွာခြား ချက် အနည်းငယ်ရှိတာကလွဲရင် စတင်သုံးစွဲချိန် မှာ သိပ်အခက်အခဲရှိမှာမဟုတ်ပါဘူး။
Twitter ကို ဘယ်လိုစသုံးမလဲ
************************
************************
Twitter ကို စသုံးမယ်ဆိုရင်Facebookလို ပဲAccountတစ်ခုရှိဖို့ လိုပါတယ်။ Account ဖွင့်တာကလည်း Facebook Account ဖွင့် သလိုပဲ ဘာမှအခက်အခဲမရှိဘဲ လွယ်လွယ်ကူကူ ဖွင့်နိုင်ပါတယ်။ အီးမေးလ်ရှိရင် အီးမေးလ်လိပ်စာ နဲ့ဖြစ်စေ၊ ဖုန်းရှိရင် ဖုန်းနံပါတ်နဲ့ဖြစ်စေ ဖွင့်နိုင်ပါ တယ်။
Account ဖွင့်ဖို့အတွက် ကွန်ပျူတာ သို့ မဟုတ် ဖုန်းရဲBrowser မှာ twitter.com လို့ ရိုက်ပြီး တက်လာတဲ့ စာမျက်နှာကSign Up နေရာမှာ သုံးချင်တဲ့ witter Account နာမည်၊ အီးမေးလ်နဲ့ Password တို့ကို ဖြည့်ပေးရုံပါပဲ။ အီးမေးလ်ဟာ Twitter အကောင့် ဖွင့်ထားပြီး သားမရှိရင် အကောင့်သစ်အနေနဲ့ လက်ခံလိုက် မှာဖြစ်ပြီး အဲဒီနောက်မှာ အကောင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆက်လက်ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အကောင့်ဖွင့်တဲ့ အီးမေးလ်ထဲကို Confirmation Linkတစ်ခု ရောက်လာမှာဖြစ်ပြီး အဲဒီLink ကို ကလစ်နှိပ် ပြီး ကိုယ့်ရဲ့ Accountမှန်ကန်ကြောင်း အတည် ပြုပေးလိုက်ပြီးရင် Twitter ကို စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တာဟာTwitterကို ကွန်ပျူတာ သို့မဟုတ် ဖုန်းရဲ့Browserကနေ အကောင့်ဖွင့်တာကို ပြောခဲ့တာဖြစ်ပြီး မိုဘိုင်း အပလီကေးရှင်းကို သုံးရင်လည်း အပလီကေးရှင်း ကနေ အကောင့်ဖွင့်နိုင်ပါတယ်။Twitterအပလီ ကေးရှင်းကို Google Playstore အပါအဝင် အဆင်ပြေတဲ့နေရာကနေ ရယူနိုင်ပြီး အပလီကေး ရှင်းကနေဆိုရင်တော့ ဖုန်းနံပါတ်နဲ့ပါ အကောင့် ဖွင့်နိုင်ပါတယ်။
ဖုန်းမှာအင်စတောလ်လုပ်ထားတဲ့ အပလီကေးရှင်းကိုဖွင့်ပြီး အကောင့်မရှိသေးရင် ဖုန်းနံပါတ်ကတစ်ဆင့်ပဲ အလွယ်တကူ အကောင့် တစ်ခု ဖွင့်နိုင်ပါတယ်။ အန်းဒရွိုက်အတွက် နောက်ဆုံးထွက်ထားတဲ့ Twitter မိုဘိုင်းအပလီ ကေးရှင်းက 7.11.0ဖြစ်ပေမယ့် အသုံးပြုတာ တော့ ကိုယ့်ဖုန်းနဲ့ အဆင်ပြေတဲ့ဗားရှင်းကို အသုံး ပြုနိုင်ပါတယ်။
Twitterကို ဘယ်လိုသုံးရမလဲ
************************
************************
လူမှုကွန်ရက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Twitter မှာ Facebook အပါအဝင် အခြားလူမှု ကွန်ရက်တွေလိုပဲ သတင်းအချက်အလက်၊ စိတ် ခံစားမှု၊ ဆွေးနွေးချက်စတာတွေကို မျှဝေရေး သားလို့ ရပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တင်ပြီး တော့လည်း မျှဝေလို့ ရပါတယ်။ Twitter မှာ သတင်းတွေ၊ စိတ်ခံစားမှုတွေကို ရေးသားတာကို ွှTweet လို့ ခေါ်ပြီး Facebook မှာPost တင် တာနဲ့ တူပါတယ်။ Twitter ရဲ့ အဓိက အစိတ် အပိုင်းကလည်း အသုံးပြုသူတွေက တင်လိုက်တဲ့ Tweet လို့ ခေါ်တဲ့Postတွေပဲဖြစ်ပါတယ်။Twitter အသုံးပြုသူတွေ တင်လိုက်တဲ့ပို့စ်တွေကို Tweet လို့ခေါ်ပြီး ကိုယ်တိုင်ပို့စ်တင်တဲ့အကြိမ် အပေါ် 1 Tweet, 2 Tweets စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်ပါတယ်။
Facebook နဲ့ မတူတဲ့ အဓိကအချက်ကTw- eet တစ်ခုစီမှာ စာလုံးရေ ၁၄ဝ အထိပဲ ရေးနိုင်ပါ တယ်။ ဒါကြောင့် Twitter မှာ ရေးတဲ့အခါ Facebook လို ရှည်ရှည်ဝေးဝေး ရေးလို့မရဘဲ ဘာပဲရေးရေး လိုတိုရှင်း ရေးရမှာဖြစ်ပါတယ်။ အဲဒီ Tweetတစ်ခုချင်းစီကို တစ်ခုနဲ့တစ်ခု ချိတ် ဆက်ထားခြင်းအားဖြင့် ဆက်စပ်နေတဲ့ အကြောင်း အရာတွေ၊ အပိုဆောင်းသတင်းတွေကို ထပ်တိုးရ နိုင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးနဲ့ ကိုယ်ရေးကိုယ်တာကို အဓိကထားပြီး သုံးမယ် ဆိုရင်Facebookက ပိုမိုသင့်တော်ပြီး စီးပွား ရေး၊ ပညာရေး၊ နိုင်ငံရေး စသည်ဖြင့် အကြောင်း အရာတစ်ခုခုမှာ ဦးစားပေးသုံးချင်ရင် Twitter က ပိုထိရောက်မှာဖြစ်ပါတယ်။
Twitter ကို စသုံးချိန်မှာ ကိုယ့်အကောင့်မှာ ဘယ်သူမှရှိမှာမဟုတ်လို့ Friend လိုပါတယ်။Facebook မှာဆိုရင်Friend Request တွေ လိုက်ပို့ရပေမယ့် Twitter မှာတော့Follow လုပ်ထားရုံနဲ့ Tweet တွေကို မြင်ရပါတယ်။ အကောင့်စဖွင့်ချိန်မှာ မြင်သမျှ တွေ့သမျှ tweetတွေ၊ သတင်းစာမျက်နှာတွေနဲ့ လူတွေကို Follow လုပ်ထားလိုက်ဖို့လိုပါတယ်။ ဒါမှ နောက်ပိုင်း မှာ သူတို့တင်တာတွေကို ဆက်မြင်ရမှာဖြစ်ပြီး သူတို့က ကိုယ့်ကို ပြန် Foll ow လုပ်ရင် ကိုယ်တင် တဲ့ tweet တွေကိုလည်း သူတို့က မြင်ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် ကိုယ်ကြည့်ချင်တဲ့ စာမျက်နှာ တွေကိုလည်း လိုက်ရှာပြီး ၤFollow လုပ်ထားသင့် ပါတယ်။ ဥပမာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးရဲ့ သတင်းတွေကို ရနေချင်ရင် Twitter ထဲကSearch ထဲမှာ Myanmar SC လို့ ရိုက်ရှာ လိုက်ရင်Myanmar State Counselor စာမျက်နှာကို ရောက်သွားမှာဖြစ်ပြီး အဲဒီက သတင်းတွေကို ရရှိနေမှာဖြစ်ပါတယ်။
Twitter မှာ တခြားလူတွေတင်ထားတဲ့ သတင်းတွေ၊ စာမျက်နှာတွေက တင်ထားတဲ့ သတင်းတွေကို မှျှဝေတာကိုတောRetweet လို့ ခေါ်ပြီးFacebook မှာ Share နဲ့ သဘောချင်း ဆင်တူပါတယ်။ ဘယ်လိုအကြောင်းအရာကိုမဆို Retweetလုပ်နိုင်ပြီး ကိုယ်က ထပ်မံရေးချင် တဲ့အချက်တွေကိုလည်း ဖြည့်စွက်ရေးနိုင်ပါတယ်။ Hash Tag သငေ်္ကတ(#)ကိုခံပြီး ကိုယ်ရေးချင်တဲ့ အကြောင်းအရာကို ရေးခြင်းဖြင့် အခြားသူတွေ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ ဥပမာ အကြမ်း ဖက်မှုတွေကို မလိုလားတဲ့အကြောင်းကိုRe-tweet လုပ်တာဆိုရင်#Stop #Terrorism စတာတွေ ဖြည့်ရေးပြီးRetweet လုပ်သင့်ပါ တယ်။
Twitterမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေလည်း အလွယ်တကူ တင်နိုင်ပါတယ်။ Facebook မှာ လိုပဲ ကိုယ့်ဖုန်းထဲမှာရှိတဲ့ ပုံတွေ ဗီဒီယိုတွေကို လွယ်လွယ်ကူကူ တင်လိုက်နိုင်ပြီး တင်တဲ့အခါ မှာလည်း ပုံချည်းပဲ သက်သက်တင်တဲ့အစားHash Tag နဲ့ အကြောင်းအရာကိုပါရေးပြီး တွဲတင်တာက ရှာဖွေရတာ ပိုပြီးလွယ်ကူစေမှာဖြစ် ပါတယ်။
Twitterမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေလည်း အလွယ်တကူ တင်နိုင်ပါတယ်။ Facebook မှာ လိုပဲ ကိုယ့်ဖုန်းထဲမှာရှိတဲ့ ပုံတွေ ဗီဒီယိုတွေကို လွယ်လွယ်ကူကူ တင်လိုက်နိုင်ပြီး တင်တဲ့အခါ မှာလည်း ပုံချည်းပဲ သက်သက်တင်တဲ့အစားHash Tag နဲ့ အကြောင်းအရာကိုပါရေးပြီး တွဲတင်တာက ရှာဖွေရတာ ပိုပြီးလွယ်ကူစေမှာဖြစ် ပါတယ်။
Twitter မှာ ပို့စ်တွေ၊ ဗီဒီယိုတွေကို ကိုယ်တိုင် တင်သလို အခြားသူများရဲ့ Tweet တွေကိုRetweet လုပ်ပြီးပြီဆိုရင် ကိုယ်တင်တဲ့အကြောင်း အရာတွေကို ကိုယ့်ကိုFollow လုပ်ထားသူတွေ နဲ့ အကြောင်းအရာကို ရှာကြည့်သူတွေက မြင်ရ မှာဖြစ်ပါတယ်။ ဒီထက်ပိုပြီး ကိုယ်တင်တဲ့ အကြောင်းအရာကို မြင်စေချင်တာမျိုးရှိရင်တော့ ကိုယ်မြင်စေချင်သူဆီကို တိုက်ရိုက်သွားပြီး Tweet လုပ်ပေးဖို့ လိုအပ်ပါတယ်။
လူတစ်ယောက်ဆီကို အကြောင်းအရာတစ်ခု ပို့ချင်တာဖြစ်ဖြစ်၊ သတင်းဌာနတစ်ခုဆီကို သတင်းတစ်ခု ပို့ချင်တာဖြစ်ဖြစ် သူတို့ရဲ့ Acc-ount သို့မဟုတ် Page ကိုသွားပြီး Tweet to(….)ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး ကိုယ်တင်ထားတဲ့ Tweet ကို မူရင်းစာအတိုင်းဖြစ်စေ၊Tweet ရဲ့Link ကို ကော်ပီကူးပြီးဖြစ်စေ၊ အခြားသူတွေတင် ထားတဲ့ Tweet ရဲ့ Link ကို ကော်ပီကူးပြီးဖြစ်စေ ပေးပို့နိုင်ပါတယ်။Link ကို ကော်ပီကူးဖို့အတွက် ကူးချင်တဲ့ Tweetရဲ့ ညာဘက်အပေါ်ထောင့်လေး မှာပါတဲ့ အောက်စိုက်နေတဲ့မြားပုံကိုနှိပ်ပြီးCopy Link To Tweet ကိုနှိပ်ရင်Copy ယူပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။
Twitter ကို ဘာကြောင့်သုံးမလဲ
************************
************************
၂ဝဝ၆ ခုနှစ် စတင်ချိန်ကတည်းကနေTwitter အသုံးပြုသူ အရေအတွက်ဟာ အလျင်အမြန် ဆုံးနှုန်းနဲ့ တိုးတက်ခဲ့တာကြောင့် အခုအချိန်မှာ ဆိုရင် Twitter အသုံးပြုနေသူပေါင်းဟာ ၃၂၈ သန်းကျော် ရှိနေပါတယ်။Twitter ရဲ့Search မှာ ရှာဖွေမှုပေါင်းဟာလည်း တစ်ရက်ကို သန်း ပေါင်း ၇၅ဝ လောက် ရှိနေတယ်လို့ နိုင်ငံတကာ သတင်းတွေက ဆိုပါတယ်။ ဒါကြောင့် Twitter ပေါ်မှာ သတင်းတစ်ခုတင်လိုက်ပြီး ပျံ့နှံ့အောင်လုပ် နိုင်ရင် က္ဘာမှာ လူအများကြီးက အဲဒီသတင်းကို သိသွားပါတယ်။ အဲဒီအချက်ကို အသုံးချပြီး မဟုတ်မမှန်တဲ့ သတင်းတွေကိုလည်း ကမ္ဘာပေါ် က လူအများကြီးထံရောက်အောင် ဖြန့်နိုင်သလို တကယ်လည်း မဟုတ်မမှန်သတင်းတွေကို ဖြန့်ဝေနေသူတွေ ရှိပါတယ်။
ဒါကြောင့် သတင်းအမှားတွေ ဖြန့်ဝေပြီး တိုက် ခိုက်တာကို ခံနေရတဲ့အခါမျိုးမှာ သတင်းအမှန် တွေ ပြန်ဖြန့်ပြီး အမှန်တရားကို ပျံ့အောင်လုပ်ဖို့ လိုအပ်သလို သတင်းအမှန်ကို ဖြန့်ဝေပေးနိုင်ဖို့ အတွက် သတင်းအမှန် ဖြန့်ဝေမယ့်ဘက်ကလည်း လူအင်အားအရေအတွက်နဲ့ သတင်းမှန်တွေ လိုက်ဖြန့်ဝေပေးနိုင်ဖို့ လိုပါတယ်။ နိုင်ငံတကာက သိစေဖို့အတွက် စာရေးတဲ့အခါ အင်္ဂလိပ်လိုရေးရ မှာဖြစ်ပေမယ့် ကိုယ်တိုင်မရေးနိုင်ရင်လည်း ရေး နိုင်တဲ့လူတွေ ရေးတင်ထားတဲ့ သတင်းမှန်တွေကိုRetweet တွေလုပ်ပေးပြီး သတင်းမှန်တွေ ဖြန့်ပေးနိုင်ပါတယ်။ နိုင်ငံတကာမှာFacebook ကို အသုံးပြုတာဟာ အဓိကအားဖြင့် ကိုယ်ရေး ကိုယ်တာအနေနဲ့ အသုံးပြုကြတာကြောင့် ကိုယ်ရေးကိုယ်တာမဟုတ်တဲ့ တခြားအကြောင်း အရာကို နိုင်ငံတကာကလူတွေသိအောင်ဆိုရင်Twitter ကနေ မျှဝေတာကမှ ပိုထိရောက်စေမှာ ဖြစ်ပါတယ်။
Twitter မှာ သတင်းအမှန်တွေကို ဖြန့်ဝေဖို့ အတွက်Facebook မှာလို အငြင်းအခုံ လုပ်နေ တာထက် ကိုယ့်ရဲ့ Account မှာ သတင်းတွေကိုRetweet တွေလုပ်သလို သိသင့်တဲ့ သတင်း အချက်အလက်တွေကို သိစေချင်တဲ့နေရာတွေမှာ လိုက် Tweet ပေးတာက ပိုထိရောက်ပါတယ်။ အဓိကအားဖြင့် သတင်းဌာနတွေ၊ အဖွဲ့အစည်း တွေရဲ့ Pageတွေကိုရှာပြီး Tweet aတွေ လုပ်ပေး တာက ပိုထိရောက်ပါတယ်။ ဒါ့အပြင် လူသိများတဲ့Account တွေကို ရှာဖွေမှတ်သားထားပြီးတော့ လည်း သိစေချင်တဲ့ သင့်လျော်တဲ့ အကြောင်း အရာတွေကို လိုက် Tweet ပေးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ Facebookကို အလွန်တွင် တွင် ကျယ်ကျယ်ပဲ သုံးနေကြပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကိုလည်း မြန်မာ နိုင်ငံ Facebook User တွေက အင်နဲ့အားနဲ့ ချေဖျက်နိုင်ကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ အသုံးများတဲ့ Twitter ကိုတော့ မြန်မာနိုင်ငံကလူ တွေ အသုံးပြုနှုန်း အလွန်နည်းနေတာကြောင့် နိုင်ငံတကာကလူတွေအနေနဲ့ Twitter ပေါ်က မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ မမှန်သတင်းတွေကို အမှန် ထင်နေကြတာတွေ အများအပြားရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကမ္ဘာမှာ ပျံ့နေတဲ့ မမှန်သတင်းတွေကို ချေဖျက်ပြီး သတင်း အမှန်တွေ အစားထိုးနိုင်ဖို့ Twitter ကိုလည်း သုံးနိုင်သူတွေအနေနဲ့ သုံးကြဖို့ လိုအပ်လျက်ရှိပါ တယ်။ ။
MOI Webportal Myanmar
No comments:
Post a Comment