အမွားထဲက အမွန္ - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

Breaking

Post Top Ad

Monday, 11 September 2017

အမွားထဲက အမွန္

                        အမှားထဲက အမှန်
                        ****************
ခုရက်ပိုင်းအတွင်း သတင်းဌာနတစ်ခုက ရခိုင်ပြည်နယ်
တွင် နေထိုင်ကြသော တိုင်းရင်းသား လုပ်သားပြည်သူ
များကို ပြစ်တင်ဝေဖန်ပြီး ဒေသခံ များကပဲ ရိုင်းပြသည့် အစွန်းရောက်များအလား ပြောကြားသွားသော ပုဂ္ဂိုလ်
မှာ မြန်မာ နိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာ
ရေးသိပ္ပံ ဥက္ကဌ အငြိမ်းစား သံအမတ်ကြီး ဦးညွန့်မောင်
ရှိန် ဖြစ်လေဟန် ဖော်ပြနေကြပေသည်။


အမှန်မှာ သတင်းဌာနက ပြောသော ဦးညွန့်မောင်ရှိန်
သည် သံအမတ်ကြီးဟောင်း မဟုတ်ဘဲ သူတို့အဖွဲ့ ဘာသာပေါင်းစုံ အမည်ဖြင့် ရခိုင်ရောက်လာသည်ကို လက်မခံဘဲ နှင်လွှတ်ခံလိုက်ရသည့်  ဖြစ်ရပ်နှင့် ဆက်
စပ်ပြီး ဘင်္ဂါလီ သောင်းကျန်သူ အဖွဲ့အစည်း၏ အ
ကြမ်းဖက် လုပ်ရပ်များကို နယ်ခံတိုင်းရင်းသားများ လက်ချက်အဖြစ် အထင်ရောက်အောင် ပြောကြားသွား
သော အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဌ ဦးညွန့်မောင်ရှိန်သာ ဖြစ်ပါသည်။

တကယ့် သံအမတ်ကြီး ဦးညွန့်မောင်ရှိန်သည် တိုင်းပြည်အကျိုးကို ကျေပွန်စွာထမ်းဆောင်ခဲ့သော လေးစားဖွယ် သံတမန် တစ်ဦး ဖြစ်ကြောင်း သူသံအ
မတ်ကြီး မဖြစ်ခင် ဘန်ကောက်မြို့တွင် တွေ့စဉ်ကလည်း ကောင်း၊ သံအမတ်ကြီး ဖြစ်ပြီးနောက် ဥရောပတွင် တွေ့စဉ်ကလည်းကောင်း မိမိကိုယ်တိုင် ရင်းရင်းနှီးနှီး တွေ့ဆုံ ပြောကြားဖူးသဖြင့် ရဲရဲကြီး ပြောရဲပါသည်။


ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်သူ၊ သာသနာကို ချီး
မြှင့်သူ ဥပသကာကြီးလည်း ဖြစ်ကြောင်း တကယ့် သံအမတ်ကြီး အန်ကယ် ဦးညွန့်မောင်ရှိန်ပုံနှင့်အတူ ယှဉ်ကြည့်နိုင်ပါရန် အများပြည်သူ အထင်မမှားအောင် ရှင်းလင်း တင်ပြအပ်ပါသည်။

Aye NeWin

No comments:

Post a Comment