ဘင်္ဂလားဒေရှ် နိင်ငံ - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

Breaking

Post Top Ad

Tuesday, 19 September 2017

ဘင်္ဂလားဒေရှ် နိင်ငံ


ဘင်္ဂလားဒေရှ် နိင်ငံသည် ဧရိယာစတု၇န်းမိုင် 
( ၅၆၉ရရ ) ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင် နှင့်
နီးကပ်စွာ တည်ရှိသည့် ( low-lying country ) 
နိင်ငံဖြစ်သည် ။

နိင်ငံ၏အရှေ့ ၊ အနောက် နှင့် မြောက်ဖက်တွင် 
အိနိ္ဒယ နိင်ငံ နှင့် အရှေ့တောင်ဖက်တွင်မြန်မာနိင်ငံ ၊ တောင်ဖက်တွင်ဘင်္ဂလားပင်လယ်အော်တို့
တည်ရှိသည် ။

တောင်အာရှဒေသ၏ အကြီးဆုံးမြစ်နှစ်ခုဖြစ်သည့် 
ဂင်္ဂါမြစ် နှင့် ဘူမ္မ တြာ မြစ်ကြီး နှစ်မြစ်သည် 
ဘင်္ဂလားဒေရှ် နိင်ငံကိုဖြတ်ကျော်ကာပေါင်းဆုံပြီး 
ဘင်္ဂလားပင်လယ်ထဲသို့စီးဝင်သည် ။


နိင်ငံ၏ ဧရိယာအများစုသည် ဂင်္ဂါမြစ်ဝကျွန်းပေါ 
်ဒေသဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတမ်း
အရှည်မိုင် ၃၆၀ - ကျော်ရှိသည် ။

ရေလမ်းခရီးအဖြစ်အသုံးပြုနိင်သည့်မြစ်ပေါင်း 
၂၀၀ - ကျော်ရှိပြီး နှစ်စဉ်နှစ်တိုင်း ရေလွှမ်းမိုးမှုဒါဏ်
ခံစားရသည့်နိင်ငံဖြစ်သည် ။

မြန်မာနိင်ငံနှင့်နီးကပ်စွာတည်ရှိသော 
စစ်တကောင်းတောင်ကုန်းဒေသသည်သာ နိင်ငံ၏ 
အမြင့်ဆုံးနေရာဖြစ်ပြီး နိင်ငံဧရိယာ၏ ၁၀% ခန့်ရှိကာ ဤဒေသ၏ အမြင့်ဆုံးတောင်မအမြင့်ပေ ( ၃၂၉၁ ) သာရှိသည့် Mowdok Mual တောင်ဖြစ်သည် ။

အပူပိုင်းရာသီဥတုရှိပြီး ဘင်္ဂလားပင်လယ်အော်ကို
တိုက်ခတ်သည့် ဆိုင်ကလုံးမုန်တိုင်းများသည် 
မကြာခဏ ဘင်္ဂလားဒေရှ်မြစ်ဝကျွန်းပေါ ်ဒေသများကို ဝင်ရောက်တိုက်ခိုက်လေ့ရှိတတ်သည် ။

၁၉ရ၀ -ခုနှစ် နိုဝင်ဘာလအချိန်က ဘင်္ဂလားဒေရှ် 
နိင်ငံကို ဝင်ရောက်တိုက်ခတ်သည့် ဆိုင်ကလုံးမုန်တိုင်း
သည် ၂၀ - ရာစုအချိန်က အဆိုးဆုံး သဘာဝဘေး
အန ္တာရာယ်တခုဖြစ်ခဲ့ပြီး လူပေါင်း ၅ - သိန်းခန် 
့သေဆုံးခဲ့သည်ဟုမှတ်တမ်းများမှဆိုသည် ။
.
.
                            လူဦးရေ
                            +++++

ကမ ္ဘာ့လူဦးရေအများဆုံး ၁၀ - နိင်ငံထဲတွင်ပါဝင်ပြီး သန်း ၁၇၀- ခန့် ရှိသည် ။
ကျဉ်းမြောင်းသည့်ကုန်းမြေဧရိယာနှင့် များပြားသည်
လူဦးရေများကြောင့် စင်္ကာပူနိင်ငံပြီးလျှင် လူဦးရေ
အထူထပ်ဆုံး နိင်ငံဖြစ်သည် ။


နှစ်စဉ်လူဦးရေတိုးနှန်း - ၂% ရှိပြီး 
မူဆလင်ဘာသာဝင် ၈၆% ၊ ဟိန္ဒူဘာသာဝင် ၁၂% နှင့် ဗုဒ္ဒဘာသာဝင် ၂ % ခန့်ရှိသည် ။
မူဆလင်အများစုမှာ ဆူနီမူဆလင်ဖြစ်ပြီး ၊ ရှီယိုက် မူဆလင်များလဲ အနည်းငယ်ရှိကာ ရုံးသုံးဘာသာစကားမှာ ဘင်္ဂလီဘာသာစကားဖြစ်သည် ။

ယနေ့ပြောဆိုသုံးစွဲနေသည့် ဘင်္ဂလီဘာသာစကားသည်Indo-Iranian ဘာသာစကားဖြစ်ပြီး အေဒီ ၁၆ - ရာစု အချိန်မှစတင်ထွန်းကားလာခြင်းဖြစ်သည် ။
ဤရှေးယခင်က အနိ္ဒယ နိင်ငံအပိုင်ဒေသဖြစ်ခဲ့ပြီး 
၁၉၇၁ - ခုနှစ်တွင်လွတ်လပ်သည့် နိင်ငံဖြစ်လာခဲ့
သည် ။

ယနေ့အချိန်တွင်ကုလသမဂ္ဂ အဖွဲ့ဝင်နိင်ကာဖြစ်ကာ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ဘူးရာ ဒေသဖြစ်
သဖြင့် ဓနသဟာရ အဖွဲ့ဝင်နိင်ငံလဲဖြစ်သည် ။
နိင်ငံ၏ Official name မှာ People’s Republic of Bangladesh ဖြစ်သည် ။
.
                                သမိုင်း
                                ++++

ဘင်္ဂလားဒေရှ် နိင်ငံတွင်လူမျိုးစုပေါင်းများစွာရှိပြီး 
အများစုမှာ ဘင်္ဂလီများဖြစ်သည် ။ဘင်္ဂလီများသည် ဤဒေသသို့လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအချိန်မှစ၍ အနိ္ဒယ အနောက်ဖက်ဒေသမှပြောင်းရွှေ့လာခဲ့သည့် Indo-Aryans အနွယ်ဝင်များနှင့် တခြားလူမျိုးစုများရောနှောနေသည့် သည့်လူမျိုးဖြစ်သည် ။

ဘီစီ ၁၂၀၀ အချိန်မှစတင်ပေါ ် ပေါက်လာခဲ့ဟန်ရှိ 
Vedic Hinduism သာသာအယူဝါဒ နှင့် ဘီစီ ၆ - ရာစုအချိန်ခန့်တွင် အိနိ္ဒယဒေသမြောက်ပိုင်း
ယနေ့နီပေါဒေသမှစတင်ခဲ့သည့် ဗုဒွအယူဝါဒများသည် အနိ္ဒယ ဒေသ၏ ရှေးအကျဆုံးအယူဝါဒများဖြစ်သည် ။

ယနေ့ဘင်္ဂလားဒေရှ်ဒေသသို့အစ္စလမ်အယူဝါဒ 
မရောက်မှီအချိန်အထိ ထိုဒေသ၏အဓိက ကိုးကွယ်သည့်ဘာသာမှာ ဗုဒွဘာသာ ဟု သမိုင်းပညာရှင်များမှယုံကြည်ကြသည် ။

ဤဒေသတွင် အင်အားကြီးထွားခဲ့သည့် 
ဗုဒွမင်းဆက်များမှာ (ဘီစီ - ၂ -ရာစုမှ အေဒီ ၇ -ရာစု ) အချိန်ထိ ပန်တြာမင်းဆက် (Pandya Dynasty ) နှင့် အေဒီ ၇ -ရာစုအချိန်မှ ၁၂ -ရာစုအလယ်အထိ Pala Dynasty မင်းဆက်များဖြစ်သည် ။
.
.
              အစ္စလမ်အယူဝါဒပြန့်နှံ့လာခြင်း
          +++++++++++++++++++++++++

အစ္စလမ် အယူဝါဒကို အေဒီ ၆၁၀ - ခုနှစ်တွင် ယနေ့ဆော်ဒီအာရေဗျ နိင်ငံ မကာဒေသမှ မိုဟာမက်ဆိုသူမှ စတင်ခဲ့သည် ။

သူ နှင့်သူ့နောက်လိုက်များသည်စစ်ပွဲများဖန်တီးကာ ၂၅ - နှစ်အချိန်အတွင်း အာ၇ပ်ကမ ္ဘာ၌ အစ္စလမ်အယူဝါဒ အလျှင်အမြန်ပျံ့နှံ့လာခဲ့သည် ။

အေဒီ ၁၀ -ရာစုအချိန်မှစပြီးအာရပ်မူဆလင်များသည်
အိနိ္ဒယကိုကျူးကျော်တိုက်ခိုက်ပြီးအိနိ္ဒယတွင် 
မူဆလင်အယူဝါဒရောက်ရှိလာခဲ့သည် ။
မွန်ဂိုများနှင့် တာကီမူဆလင်များ၏ ကျူးကျော်မှုကို 
ခံလာရကာ အနိ္ဒယဒေသ တွင်လူမျို းရေး ၊ 
ဘာသာရေးများလဲရောနှောလာခဲ့သည် ။

အေဒီ ၁၂၀၀ - ခန့်တွင် မူဆလင်စစ်သူကြီး 
Sultans of Delhi သည် အနိ္ဒယမြောက်ပိုင်း ကို
သိမ်းယူပြီးနောက် ယနေ့ဘင်္ဂလီဒေသ တွင်
အုပ်ချုပ်နေသည့် ဗုဒွ ဘုရင် Pala Dynasty 
မင်းဆက် သည်လဲ မူဆလင်တို့၏ Sena dynastyခေတ် သို့ကျ ရောက်ခဲ့သည် ။

မူဆလင်ဘု၇င်များမှ မူဆလင်များအား ဟန္ဒူဘာသာဝင်များကို လက်ထပ်စေကာ အစ္စလမ်ဘာသာ သို့ကူးပြောင်းစေခဲ့သည် ။ထို့ကြောင့် ဤခေတ်တွင် မူဆလင် ဘု၇င်များအုပ်ချုပ်ရာဒေသမှ အနိ္ဒယ လူမျိုးအများအပြားသည်

အစ္စလမ် ဘာသာသို့ကူးပြောင်းရောက်ရှိသွားခဲ့သည် ။
ဤအယူအဆ သည် ဟန္ဒူ လု့အသိုင်းအဝိုင်းအပေါ ်များစွာသက်ရောက်မှုရှိခဲ့ပြီး ထိုခေတ်ကို အနိ္ဒယသမိုင်းတွင် ကျွန်ခေတ် (Slave Dynasty ) ဟုခေါ ်ဆိုသည် ။

အနိ္ဒယဒေသမှယနေ့အချိန်ထိရှိနေဆဲ ဇာတ်နိမ့် ၊ 
ဇာတ်မြင့် လူမျိုးရေးခွဲခြားမှု အယူအဆသည် ဤခေတ်ကိုအခြေခံခဲ့သည် ။အနိ္ဒယတွင်မဂိုမင်းဆက်များအင်အားကြီးထွားလာပြီး အေဒီ ၁၅၅၆ - ခုနှစ်တွင် ကျွန်ခေတ် ပျောက်ကွယ်ခဲ့ရသည် ။

သို့သော် ဆူလတန် ဘု၇င်များသည်နယူးဒေလီဒေသမှ
ဆုတ်ခွာကာ ယနေ့ဘင်္ဂလားဒေသသို့ရွှေ့ ပြောင်း 
ရောက်ရှိလာခဲ့သည် ။တတိယမဂိုဘုရင် Akbar ( ၁၅၄၂- ၁၆၀၅ ) အုပ်ချုပ်စဉ်အချိန်က မဂိုအင်ပါယာ သည် “အာဖကန်နယ်စတန်” မှသည် ဘင်္ဂလားပင်လယ်အထိကျယ်ပြန့်ခဲ့ပြီး အင်ပါယာချဲ့ထွင်မှုနှင့် အတူစီးပွားရေးချဲ့ထွင်မှုများကို တည်ဆောက်ခဲ့သည် ။

သူ့လက် ထက်တွင် ဒေသခံခေါင်းဆောင်များကို
လုပ်ပိုင်ခွင့် အာဏာပိုပေးခဲ့သဖြင့် ဘင်္ဂလားဒေရှ်ဒေသသည် ဘင်္ဂလီများကြီးစိုးရာဒေသဖြစ်လာခဲ့
သည် ။သို့သော် ယနေ့ဘင်္ဂလားဒေရှ်၏ စစ်တကောင်းတောင်ကုန်းဒေသသည် ရှေးခေတ် မူလအချိန်က ရခိုင်ဒေသဖြစ်ခဲ့ပြီး အေဒီ ၁၆ - ရာစုအချိန်က ပေါ ်တူဂီများနှင့် ကူးသန်းရောင်းဝယ်ရေးမြို့ခဲ့သည် ။

ယနေ့အချိန်အထိဤဒေသတွင် ဗုဒွဘာသာဝင်
ရခိုင်အနွယ်များစွာ ရှိနေဆဲဖြစ်သည် ။
ရခိုင်မင်းဆက်ကျရံှုးပြီးနောက် ယနေ့ဘင်္ဂလားဒေသ တချို့သည် မြန်မာဘု၇င် အပိုင် ဒေသဖြစ်လာခဲ့သည်။

၁၈ - ရာစုအစတွင်ဗြိတိသျှတို့သည်အင်္ဂလိပ် အရှေ့အိနိ္ဒယကုပွဏီထူထောင်ပြီးစီးပွားရေးအ၇ချဲ့ထွင် 
ကာ နောက်ပိုင်းအိန္ဒိယဒေသသည်အင်္ဂလိပ်
အုပ်ချုပ်မှုလက်အောက်သို့ကျရောက်ခဲ့ရသည် ။
မြန်မာနိင်ငံအင်္ဂလိပ်လက်အောက်ကျရောက်ချိန်မှစ၍ 
စစ်ကောင်းတောင်ကုန်းဒေသတွင် ဘင်္ဂလီ မူဆလင် 
များတဖြည်းဖြည်းများပြားလာခဲ့သည် ။
.
.
.
         အင်္ဂလိပ်လက်အောက်မှလွတ်မြောက်ခြင်း
  +++++++++++++++++++++++++++++++++

၁၉၄၇ ခုနှစ်တွင်အိနိ္ဒယသည်ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရရှိခဲ့ပြီးချိန်မှစ၍ ဟိန္ဒူအများစုရှိရာ 
အိနိ္ဒယနိင်ငံ နှင့် မူဆလင်အများစုရှိရာပါကစ္စတန် နိင်ငံဟူ၍ကွဲနေသည် ။


ပါကစ္စတန်နိင်ငံတွင်လဲ အရှေ့ နှင့်အနောက်ပါကစ္စတန်ဟူ၍ နှစ်ပိုင်းကွဲနေသည် ။အရှေ့နှင့် အနောက်ပါကစ္စတန်သည်လဲ မိုင် ၁၀၀၀ - ခန့်ကွာဝေးကာ အလည်တွင်အိနိ္ဒယ နယ်နမိတ်မှ ပိုင်းခြားထား
သည် ။

အနောက်ပါကစ္စတန် ဒေသတွင် အူဒူဘာသာကို
ပြောဆိုပြီး ၊ အရှေ့ပါကစ္စတန်ဒေသတွင် ဘင်္ဂလီဘာသာစကားကိုပြောဆိုကြသည် ။ယနေ့ဘင်္ဂလားဒေသသည် ၁၉၄၇ - ခုနှစ်မှ ၁၉၇၁ - ခုနှစ်အထိ ပါကစ္စတန်၏ အစိတ်အပိုင်း ဒေသဖြစ်ခဲ့ကာ ၁၉၅၃ - ခုနှစ်တွင် ယနေ့ဘင်္ဂလားဒေသအား အရှေ့ပါကစ္စတန်
ဟုပြောင်းလဲခေါ ်ဝေါ ်ခဲ့သည် ။

ထိုဒေသ နှစ်ခု၏ ဗဟိုအစိုး နှင့် စစ်တပ်မှာ အနောက်ပါကစ္စတန်တွင်တည်ရှိသည် ။၁၉၄၉ - ခုနှစ်မှစ၍ ဘင်္ဂလားဒေသမှခေါင်းဆောင်များသည်အရှေ့ပါကစ္စတန်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်ကြိုးစားခဲ့ကြသည် ။

၁၉၇၀ - ခုနှစ်ရွေးကောက်ပွဲအပြီးတွင် အထွေထွေမကြေနပ်မှုမှတဆင့်ပြည်တွင်းစစ်ဖြစ်ပွားလာခဲ့ရာ အနိ္ဒယစစ်တပ်မှ ဘင်္ဂလီတပ်များကိုအကူအညီပေးခဲ့သည် ။

၁၉၇၁ - ခုနှစ်ဒီဇင်ဘာလ လည်တွင်ပါကစ္စတန်စစ်တပ်မှ လက်နက်ချ ဆုပ်ခွာခဲ့ရာ ၁၉၇၁ -ဒီဇင်ဘာလ ၁၆ - ၇က်နေ့တွင် လွတ်လပ်သည့်ဘင်္ဂလားဒေရှ်နိင်ငံဖြစ်လာခဲ့သည် ။

လွတ်လပ်ရေးကြေငြာခဲ့ချိန်က တရုတ်နိင်ငံအပါအဝင် 
နိင်ငံတချို့မှ ဘင်္ဂလားဒေရှ် နိင်ငံအား အသိအမှတ်
မပြုခဲ့ကြပေ ။လွတ်လပ်ရေးရပြီးနောက် ၁၉၇၂ - ခုနှစ်အစတွင် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာသူမှာ ဘင်္ဂလီခေါင်းဆောင် Sheikh Mujibur Rahman ဆိုသူ ဖြစ်သည် ။

ဘင်္ဂလားဒေရှ်နိင်ငံသည်လွတ်လပ်ရေးရပြီးချိန်မှစ၍ 
စစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်ခဲ့ပြီး ၁၉၈၆ - မတ်လအချိန် ရောက်မှစစ်အုပ်ချုပ်ရေးကိုဖျက်သိမ်းခဲ့ကာ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပ အုပ်ချုပ်သည့်နိင်ငံတနိင်ငံဖြစ်လာခဲ့သည် ။

သို့သော်လဲများပြားလှသည်လူဦးရေ ၊ ကျဉ်းမြောင်းလှသည်ကုန်းမြေနေရာ ၊ ဆိုးရွားလှသည့် သဘာဝဘေးအန ္တာရာယ်များကြောင့် ယနေ့အချိန်အထိ ကမ ္ဘာ့ အဆင်းရဲဆုံးနိင်ငံ တနိင်ငံ အဖြစ်တည်ရှိနေဆဲဖြစ်သည် ။

Acadmy


No comments:

Post a Comment