နယ်စပ်အပါအဝင် ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့် ငွေမပေးချေသူများကို အရေးယူတော့မည် - Welcome
မင်္ဂလာပါခင်ဗျာ........ကျွန်တော့်ရဲ့ blog လေးကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ဝင်ရောက် ကြည့်ရှူ့သူ မိတ်ဆွေများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

Breaking

Post Top Ad

Monday, 28 August 2017

နယ်စပ်အပါအဝင် ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့် ငွေမပေးချေသူများကို အရေးယူတော့မည်


နယ်စပ်အပါအဝင် ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့် ငွေမပေးချေသူများကို အရေးယူတော့မည်
==================================

နယ်စပ်ဒေသများအပါအဝင် ပြည်တွင်း၌ မြန်မာကျပ်
ငွေဖြင့် ငွေပေးချေခြင်း မပြုသူများကို အရေးယူသွား
ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က သြဂုတ်လ ၂၈ရက်နေ့က ပြောကြား လိုက်သည်။

အဆိုပါနေ့က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၆) ၏ လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းနီနီအေး မေးမြန်းသည့် ‘ မြန်မာ့ငွေကြေး အားကောင်းလာစေရန် နယ်စပ်မြို့များ ဖြစ်ကြသည့် မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ တမူးတို့တွင် တစ်ဖက်နိုင်ငံသုံး ငွေကြေးအစား မြန်မာကျပ်ငွေသုံးစွဲရေး ဗဟိုဘဏ်က မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း ’ မေးခွန်းအပေါ် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ထိုင်းနိုင်ငံနဲ့ နယ်မြေဆက်စပ်နေတဲ့ ဒေသေတွေမှာသာမက ပြည်တွင်းရှိ အခြားဒေသတွေမှာလည်း ထိုင်း ဘတ်ငွေသုံးစွဲမှုလျော့ကျစေရေးအတွက် ထိုင်းနိုင်ငံသုံးဘတ်ငွေကို နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေး တဲ့ ငွေလဲကောင်တာတွေမှာ ကျပ်ငွေဖြင့် လဲလှယ်ပြီး သုံးစွဲနိုင်ဖို့ ခွင့်ပြုထားပြီးဖြစ်တာကြောင့် ဘတ်ငွေကို ပြည်တွင်းမှာ သုံးစွဲရင် အရေးယူဆောင်ရွက်တဲ့ အမိန့်တွေ ထုတ်ပြန်ပြီး အရေးယူဆောင်ရွက်သွားရမှာ ဖြစ်ပါတယ် ” ဟု ဦးဘိုဘိုငယ်က ပြောသည်။

လိုက်နာဆောင်ရွက်ခြင်း မရှိပါက မည်သို့ ဆောင်ရွက်မည်၊ မည်သည့်ကာလမှ စတင်၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မည်ဆိုသည်ကို ပြည်သူလူထုသို့ အသိပေးပြီး ပညာပေးကာလတစ်ခု သတ်မှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဓိကအားဖြင့် ပြည်တွင်း၌ အမေရိကန်ဒေါ်လာကျယ်ပြန့်စွာသုံးစွဲခြင်း မဖြစ်စေရေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး ရည်ရွယ်ချက်ဖြင့် ငွေပေးချေမှုများအားလုံးကို ကျပ်ငွေဖြင့်သာ ပေးချေစေရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များသို့ ပူးပေါင်းဆောင်ရွက်ကြရန် အကြောင်းကြားထားသည်ဟုလည်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြော သည်။

သို့သော်လည်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ဒေသများတွင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထိုနယ်စပ်ဒေသများရှိ ဘဏ်ခွဲများ၌ ငွေပေးချမှုအဆင်ပြေစေရန် မြန်မာကျပ်ငွေ၊ ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေစာရင်းများကို ဖွင့်လှစ်ခွင့်ပြုပေးထားသည်ဟု ဦးဘိုဘိုငယ်က ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာ့ငွေကြေးတန်ဖိုးမြင့်မားလာစေရေးနှင့် ဒေါ်လာကျယ်ပြန့်စွာသုံး စွဲမှု မဖြစ်စေရေးကို အဓိကထားပြီး ပြည်တွင်း၌ ငွေပေးချေသုံးစွဲမှုကို မြန်မာကျပ်ငွေဖြင့်သာ ပေးချေရေးကိစ္စ အပေါ် အရေးယူဆောင်ရွက်မည့် အစီအစဉ်များချမှတ်၍ ပြည်သူလူထုသို့ အသိပေးခြင်း၊ သက်ဆိုင်ရာဝန် ကြီးဌာနများမှ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော လုပ်ငန်းများကို အရေးယူဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ အဖွဲ့တို့ကလည်း သက်ဆိုင်ရာဒေသအတွင်း အရေးယူဆောင်ရွက်ခြင်းများ စသည်ဖြင့် ပူပေါင်းဆောင်ရွက်ရမည့် အစီအစဉ်များကို စီမံထားကြောင်း ဦးဘိုဘိုငယ်က ပြောသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသများရှိ ငွေလဲကောင်တာများတွင် ယွမ်မင်ဘီ( RMB )နှင့် ရူပီး( Indian Rupee )တို့ကို တရားဝင် ဝယ်ယူရောင်းချ လဲလှယ်ခွင့်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာ ကျယ်ပြန့်စွာသုံးစွဲခြင်း မဖြစ်စေရန်အတွက် ပြည်သူလူထု
လက်ဝယ်ရှိ အမေရိကန်ဒေါ်လာများကို ကျပ်ငွေသို့ လွယ်ကူစွာ လဲလှယ်နိုင်ရန် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေး သည့် ကောင်တာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအား
လုံးတွင် ဖွင့်လှစ် ခွင့်ပေးထားလျက်ရှိရာ ယခုနှစ်၊ ဇူလိုင်လ ၂၇ရက်နေ့အထိ ငွေလဲကောက်တာ ၁,၃၄၅ခုအထိ ရှိနေပြီဖြစ်သည်။

The Myanmar Times






No comments:

Post a Comment