စီမံအုပ်ချုပ်မှုနှင့် စီးပွားရေးမူဝါဒသည် စီးပွားရေး တိုးတက်
ဆောင်ရွက်မှုကို ကူညီပုံဖော်ပေးသည်။ သို့သော် ထိုအချက်ကို
မှန်ကန်စွာ ဆောင်ရွက်ခြင်းနှင့် မှားယွင်းစွာ ဆောင်ရွက်ခြင်း
နှစ်မျိုးသည် ကောင်းကျိုး၊ ဆိုးကျိုးကို အညီအညာသက်
ရောက်စေတာတော့ မဟုတ်။ အလွန်ကောင်းသော စီမံအုပ်ချုပ်
မှုနှင့် စီးပွားရေးမူဝါဒသည် နိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် ကူ
ညီပေးသည်။ သို့သော် ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ဆယ်ရာခိုင်နှုန်းအထိပဲ။ သည့်ထက်ပိုပြီး နှုန်းကမမြန်နိုင်။ ဘယ်
လောက်ကောင်းသည့် အစိုးရဖြစ်ဖြစ် ဒီထက်ပိုပြီး အထက်မြန်
မြန်မတက်နိုင်။ သို့သော် ထိုအချက်နှင့် ပြောင်းပြန်က စီမံအုပ်
ချုပ်မှု ညံ့ဖျင်းပြီး စီးပွားရေးမူဝါဒ ဆိုးဝါးလျှင်တော့ နိုင်ငံတစ်ခု
၏ စီးပွားရေးကို ကြောက်စရာကောင်းလောက်အောင် မြန်ဆန်
No comments:
Post a Comment