ပြည်သူတွေ ဘာကိုအလိုရှိသလဲ...?
ပြည်သူ့ အလိုဆန္ဒ ဆိုတာထဲမှာ ကြီးကြီးကျယ်ကျယ်
ဆန်းဆန်းပြားပြားတွေ ပါလေ့မရှိ။ မပြည့်စုံတာ၊ ချို့တဲ့အား
နည်းတာ၊ မရှိမဖြစ် လိုအပ်နေတာတွေကို ဖြည့်ဆည်းပေး
စေချင်ကြတာပဲရှိသည်။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမည့်အရွယ်မှာ အ
လုပ်လုပ်ချင်ပါလှျှက် တစ်ကိုယ်စာ ထမင်းဝသည့် အလုပ်
တစ်ခုပင် မရနိုင်ကြသူတွေက အလုပ်အကိုင် အခွင့်အလမ်း
တွေ မျှော်လင့်ကြသည်။ သူတစ်ပါးအရပ်မှာ ခက်ခဲပင်ပန်း
သော အလုပ်တွေ သွားရောက်လုပ်ကိုင်နေသူတွေ၊ အဲသည်
ခက်ခဲသော အလုပ်ကိုပင် သွားရောက်လုပ်ကိုင်ရန် မတတ်
နိုင်သူတွေအတွက် ကိုယ့်အရပ်မှာ အလုပ်အကိုင်ရရှိဖို့ ခင်
ဗျားတို့ ဘယ်လိုဆောင်ရွက်ပေးနိုင်မည်လဲ၊ မေးကြလိမ့်
မည်။
မိမိလယ်ယာကို ကိုယ်ရောစိတ်ပါ စိုက်ထုတ်လုပ်ကိုင်
နေသည့်ကြားက ထူထူထောင်ထောင် မဖြစ်နိုင်ကြသည့်
တောင်သူလယ်သမားတွေကလည်း သူတို့အတွက် အခက်
အခဲ အတားအဆီးတွေ ဘယ်လို ဘယ်ပုံရှိနေတာ ပြောကြ
လိမ့်မည်။ အဲဒါတွေကို ဖြေရှင်းပေးနိုင်ကြမည်လား....။
ကာယ၊ ဉာဏ လုပ်အားများကို အရင်းတည်ကာ ဘ
ဝရပ်တည်မှုနှင့် တိုးတက်မှုအတွက် ရုန်းကန်လှုပ်ရှားကြရ
သည့် အခြေအနေ အဆင့်အတန်း အမျိုးမျိုးမှ အလုပ်လုပ်
သူတို့ကလည်း မိမိတို့ ရပိုင်ခွင့်တွေ ပြည့်ပြည့်ဝဝ ရဖို့နှင့်
အလားအလာ အခွင့်အလမ်းတွေ တိုးပွားလာစေဖို့ ဘယ်
မူဝါဒ ဘယ်ပေါ်လစီများ စဉ်းစားကြံဆထားတာ ရှိသလဲ၊
သိလိုကြပေလိမ့်မည်။
အလားတူ..... ..... ..... ..... တွေကလည်း။
သည်ဆန္ဒတွေသည် အုပ်စိုးခံလုထု၏ တရားနည်း
လမ်းကျသော ဆန္ဒတွေဖြစ်သည်။
သည်ဆန္ဒတွေကို စာနာတတ်၊ ထပ်တူ ခံစားတတ်ပြီး
သည်ဆန္ဒများ ပြည့်မြောက်အောင် အားထုတ်ကြိုးပမ်းတတ်
သူတို့သည် ပြည်သူအသိအမှတ်ပြုသည့် ပြည်သူ့ ကိုယ်စား
လှယ်စစ်စစ်များ ဖြစ်လာလိမ့်မည်။
ရေရှည်၌ တိုင်းပြည်လူထုနှင့် တစ်သားတည်းကျသော
ပါတီများ၊ နိုင်ငံရေးသမားများသာ အောင်မြင်မြဲ အဓွန့်ရှည်
တည်တံ့မြဲ ဖြစ်ပေလိမ့်မည်။

No comments:
Post a Comment